Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, July 22, 2012

“သူသာ..ကျွန်မရဲ့ကိုယ်ရံတော်”

“သူသာ..ကျွန်မရဲ့ကိုယ်ရံတော်”

ဒီနေ့ဆို ကျွန်မ နေမကောင်းခဲ့တာ (၃)ရက်မြောက်ဖြစ်သွားခဲ့ပါပြီ။ စတင်နေမကောင်းဖြစ်ခဲ့သည့်နေ့ကစလို့ ကျွန်မစိတ်ထဲမှာ၊ ကျွန်မရင်ထဲမှာ သူ့ကိုပဲ တမ်းတမ်းတတရှိနေခဲ့ပါတယ်။ လွမ်းနေခဲ့ရသည့်နေ့ရက်တွေအတွက် ကုစားဖို့ဆိုတဲ့အချိန်ကာလတွေက ကျွန်မအတွက်တော့ လက်ချိုးလို့ပင် ရေတွက်၍မရနိုင်ခဲ့တော့ပါဘူး။ အပြင်းအထန်နေမကောင်းဖြစ်ခဲ့ပေမယ့် စိတ်ဓာတ်တွေကိုအားတင်းခဲ့ပြီး နေကောင်းလာအောင် ကျွန်မကြိုးစား ခဲ့မိပါတယ်။ ဒီလိုအချိန်မှာဆို သူသာကျွန်မအနားမှာရှိနေခဲ့ရင် အားဆေးတစ်ခွက်ဖြစ်ခဲ့မယ်ထင်ပါရဲ့။ အလွမ်း ဆိုတဲ့စကားလေးနှစ်လုံးက ကျွန်မအတွက် မျိုသိပ်ရင်းအချိန်တွေကပင် ရင်တွင်းမှာပင် ဖွင့်ဟလို့နေခဲ့မိပါပြီ။
ဟိုး..အဝေးကြီးမှာရှိနေခဲ့ကြပေမယ့် ဂရုတစိုက်ရှိနေပေးခဲ့တဲ့ သူ့ကို ကျွန်မ လေးနက်စွာနှင့်ပင် ကျေးဇူးတွေတင် မိခဲ့လို့  အချစ်ကြီးလည်းချစ်ခဲ့ရပါပြီ။ ဘယ်တော့မှမေ့လို့မရတဲ့ ချစ်ခြင်းတွေက ကျွန်မရဲ့နောက်ဆုံးထွက်သက် ထိပင်ဖြစ်ခဲ့ရပါတော့သည်။
“ချစ်လေး..မတည့်တဲ့အစားအသောက်တွေ မစားရဘူးနော်၊ သံဓာတ်ပါတဲ့အားဖြည့်ဆေးတွေကို စားရမယ်၊ ပြီးတော့ အသီးအနှံတွေကိုလည်းစားရမယ်၊ ရေလည်းများများသောက်ရမယ်နော်”
အကြင်နာစကားတွေနဲ့အတူ အမှာတော်ပါးလာတဲ့ မေတ္တာတော် ကရုဏာတွေက ကျွန်မအတွက် အားအင်သစ် တစ်ခုဖြစ်စေခဲ့ပါပြီ။ သူနဲ့ကျွန်မ ဟိုး..အဝေးကြီးမှာရှိနေခဲ့ကြပေမယ့်လည်း တစ်မိုးအောက်ထဲမှာ ခိုင်မာသော သံယောဇဉ်မေတ္တာနှောင်ကြိုးလေးတွေက တစ်စတစ်စနှင့်ပင် ရစ်ပတ်နှောင်ဖွဲ့တတ်လာခဲ့ပြန်ပါပြီ။ ဖြူစင်သန့် ရှင်းလွန်းတဲ့ ချစ်မေတ္တာတရားတွေက ကျွန်မတို့ရဲ့ အနာဂါတ်လမ်းတစ်လျှောက်မှာ ယုံကြည်မှုတွေကိုယ်စီဖြင့် သာ အလှပဆုံးသက်ဝင်လာခဲ့ပါပြီ။
ကျွန်မ နေကောင်းလာတဲ့အခါ ခရီးစဉ်လေးတစ်ခုကို သူကစီစဉ်းပေးခဲ့လို့ အတိုင်းမသိဝမ်းသာပျော်ရွှင်ခဲ့ရပါ တယ်…။
“ချစ်လေး…တောင်ကြီးရယ်၊ ပြင်ဦးလွင်ရယ်ကို နေကောင်းလာတဲ့အခါ နှစ်ယောက်အတူသွားကြတာပေါ့နော်”
ကျွန်မနဲ့ထပ်တူပျော်ရွှင်နေမယ့် သူ့ရဲ့မျက်နှာပေါ်က အပြုံးတွေကို ကျွန်မကြိုမြင်ခဲ့ရပြီး အလွတ်ပင် ဖတ်တတ်လို့နေတတ်ခဲ့ပါပြီ။ နှစ်ယောက်အတူသွားရမယ့် ဒီခရီးစဉ်လေးဟာ ဘယ်လောက်များပျော်ရွှင်စရာ ကောင်းလိုက်မလဲဆိုရင်ဖြင့် တွေးမကြည့်ရုံနဲ့သိ..အပြေးလေးပင်သွားလိုက်ချင်ပါသေးသည်…။
“ချစ်လေး..အမြန်ဆုံးနေကောင်းပါစေတော့နော်…”
သူ့ရဲ့ ဆုတောင်းစကားသံတွေဟာ ကျွန်မနားထဲမှာ ပဲ့တင်ထပ်နေခဲ့လို့ ဘ၀အမောတွေကိုပြေစေခဲ့ပါပြီ။ သာမာန်အချိန်နေ့ရက်တွေမှာ စကားလေးတစ်ခွန်းရဲ့ တန်ဘိုးဟာ မပြောပလောက်ခဲ့ပေမယ့် နေမကောင်းဖြစ် နေခဲ့တဲ့အချိန်တွေမှာ သူ့ရဲ့ ဆုတောင်းစကားသံလေးတစ်ခွန်းဟာ ကျွန်မအတွက်တော့ ဆေးတစ်လုံးထက်ပင် တန်ဘိုးတွေသက်ဝင်နေခဲ့ပါပြီရောလား…။
“ချစ်လေး…အရမ်းချစ်တယ်နော်…”
အချစ်ဆိုသည်က ကျွန်မတစ်ယောက်တည်းမဟုတ်ခဲ့ပါဘူး၊ လူသားအားလုံးရင်ထဲမှာ မှန်ကန်ခြင်း၊ သန့်ရှင်း ခြင်း၊ ဖြူစင်ခြင်းဆိုသောမြတ်နိုးတွယ်တာမှုတွေနဲ့ အချစ်ကို လိုချင်ပွေ့ဖက်မိချင်ကြမှာ မလွဲမသွေပါဘဲ။ ချစ်နေ ကြတဲ့ခဏလေးမဟုတ်ဘဲ…သိပ်ချစ်ပါတယ်လို့ပြောလိုက်တိုင်း နှလုံးသားမှာ ဘယ်အရာနှင့်အမျှလဲလို့မရ အောင်ပင် ပီတိအဟုန်လွှမ်းခြုံသွားခဲ့ရပါတော့သည်။
အချစ်ဆိုသည်က ရင်တွင်းအတိမှာ နက်ရှိုင်းစွာနှင့်ပင် ဖြစ်ပေါ်လာခဲ့ပါပြီ။ သိပ်မုန်းကြသည့်ရန်သူတွေကိုပင် အချစ်ဆိုသည့်အရာက အောင်နိုင်တတ်သူပင်မဟုတ်ပါလား။
မြတ်နိုးခြင်း၊တွယ်တာခြင်း၊ ဖြူစင်ခြင်းတွေနဲ့ထပ်တူ ယုံကြည်စွာပွေ့ဖက်ထားသူတွေက အနာဂါတ်မှာ လျှောက်လှမ်းကြတော့မယ့် ချစ်မေတ္တာမှတ်တိုင်လေးတစ်ခုအဖြစ် စိုက်ထူသွားကြတော့မည်ဆိုတာ မလွဲမသွေ ပါပဲ။ အိပ်မက်တွေထဲမှာ စီးမျောသက်ဝင်ကြရင်း သီးသန့်ချစ်မေတ္တာကမ္ဘာလေးထဲမှာ အချိန်တိုင်းအတွက် ပွေ့ဖက်ထားမိကြသူတွေက တစ်နေ့မှာတော့ အချစ်ရဲ့နွေးထွေးတုန့်ပြန်မှုတွေကို ရရှိကြလိမ့်မယ်လို့ ကျွန်မရော သူပါ ခံယူထားခဲ့မိကြပါတော့သည်။

 
နေခြည်သစ်နွယ်(ပြည်)

No comments: