Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, August 5, 2012

“အဝေးဆုံးမှာရှိနေလည်း..ကျေနပ်နေပါတယ်”

“အဝေးဆုံးမှာရှိနေလည်း..ကျေနပ်နေပါတယ်”

ချစ်သူရေ…မင်းကိုချစ်မိသွားခဲ့တဲ့ ကျွန်မနှလုံးသားလေးကတော့ ခုချိန်ဆို အရမ်းလွမ်းတတ်နေပြီပေါ့နော်။ အလွမ်းတွေက သင်ပေးမယ့်သူမရှိလည်း နှလုံးသားက အလိုလိုဖြစ်ပေါ်လာတတ်တာပဲလေ….။
ဟိုးအရင်အချိန်တွေက စကားလေးတွေအတူပြော….ထမင်းတွေအတူတူစား…သီချင်းတွေလည်း အတူတူဆို ညည်းခဲ့ကြတော့ လွမ်းရမယ့်အချိန်တွေကိုတောင် မေ့နေခဲ့ပါပြီ…ခုတော့လည်း အဲ့ဒီအချိန်လေးတွေကို နှမြော နေမိပြန်ပြီကွယ်….။

ဒီလောကကြီးထဲမှာ…ကျွန်မချစ်ရတဲ့ချစ်သူတစ်ယောက်..ကျန်းမာခြင်းတွေနဲ့ပြည့်စုံနေတယ်ဆိုခဲ့ရင်ဖြင့် ကျွန်မ သိပ်ပျော်နေတတ်ခဲ့ပါပြီ..ချစ်သူကို စိတ်ချမ်းသာစေချင်တာ..ချစ်သူကို ပေးဆပ်ချင်နေတာ ကျွန်မရဲ့ အချစ်တွေ ပါ။။
အလုပ်တွေကိုယ်စီလုပ်ကိုင်နေထိုင်ရင်း ဖုန်းရှိရာဆီသို့ မျှော်နေတတ်ခဲ့တာလည်း အကျင့်တစ်ခုများ ဖြစ်နေပြီ ရောလား…မလာနိုင်မှန်းသိပေမယ့်လည်း မျှော်နေတတ်ခဲ့မိပြန်ပြီလေ…အဲ့ဒါတွေက အလွမ်းတွေလားဟင်….?။
ဘ၀အတွက် ၀မ်းစာတွေကို သောကလှိုင်းတွေကြားမှ ရှာဖွေနေကြရပေမယ့် ချစ်သူနဲ့အတူရှိစဉ်က အချိန်တွေ လို မပျော်ရွှင်တတ်ခဲ့တာကိုတော့ ကျွန်မ အသေအချာသိနေခဲ့ပါပြီ…။
တကယ်ဆိုတော့ ချစ်သူနဲ့ အတူတူရှိမနေရဘဲ ဟိုး…အဝေးဆုံးမှာ အလွမ်းတွေနဲ့ နေထိုင်ရခြင်းတွေကလည်း သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ပိုပြီးလေးနက်တယ်လို့ခံစားမိပါတယ်…ပိုပြီးလည်း ကျေနပ်နေခဲ့မိပါ တယ်။
လူတွေကပြောကြတယ်..အချစ်က တကယ်တော့မကောင်းဘူးတဲ့လေ…သေချာစဉ်းစားကြည့်ပြန်ရင် အချစ်က တကယ့်ကိုမွန်မြတ်ပြီး ရိုးသားလွန်းပါတယ်…ချစ်တတ်ဘို့ပဲလိုအပ်မယ်လို့ထင်ပါတယ်… အချစ်မရှိတဲ့ ကမ္ဘာမြေ ပြင်ကြီးဟာ ခြောက်သွေ့ပြီး အထီးကျန်ဆန်လွန်းလှပါတယ်နော်….။
ချစ်သူကို သိပ်ချစ်မိတဲ့ ကျွန်မ ယခုအချိန် အနားနားကိုပြန်လာခဲ့မယ်ဆိုရင်…
ဒီလိုပါပဲလေ…ဆန့်ကျင်ဘက်ပြန်တွေးမိလိုက်ပြန်တော့ ချစ်သူ ကျွန်မအနားကို ရောက်မလာခဲ့ရင် ကျေနပ်နေခဲ့ မိပါတယ်…ဘာကြောင့်လဲဆိုတော့ ဒီလောကကြီးထဲကနေ ချစ်သူရှိနေတယ်ဆိုတဲ့ အသိလေးကပဲ ပျော်ရွှင်စရာ တွေကို ပေးစွမ်းနေတော့မှာပါ…တွေးမိပြန်တော့လည်း…ဒီလောကကြီးထဲကများ ထွက်သွားခဲ့ရင်ဖြင့်… အလွမ်း လေးတွေ..နှလုံးသားတွေနဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ ကဗျာလေးတွေ..ရသမြောက်စွာဖွဲ့ဆိုထားတဲ့ စာလွှာလေး တွေက ဘ၀ရဲ့ရှင်သန်ချိန်နေ့ရက်တိုင်းတွေမှာ တောက်ပသက်ဝင် ကမ္ဗည်းတင်ကျန်ရစ်နေခဲ့တော့မှာပါကွယ်။
(စိတ်ကူးနှင့်နှလုံးသား…အနုပညာကို တန်ဘိုးထားပုံဖော်သည်။)

နေခြည်သစ်နွယ်(ပြည်)

No comments: