တရှိုက်မက်ရပွင့်ဖတ်၊ အလွှာတွေအဆင်း။
အဆင်းလှလည်း မနွမ်းသာ။
ခရမ်းပြာနှင်းဆီက၊ ရောယှက်လို့လာ။
နှင်းဆီအဆင်း ရနံ့သာ၊ ကြိုင်ကာမှ မွှေး။
ပေးခဲ့စေ သူ့နံဘေး၊ ရှောင်ပြေးလို့မဝေး။
ရှောင်ခဲ့လည်း ရနံ့မှာ ရောက်ရှိပြီ နှလုံးသားမှာ၊
နမ်းရှိုက်မ၀ပါ။
ခပ်ဖွဖွပေါ့ အဆင်းရနံ့မှာ၊ နှင်းဆီပြာ သူ့အလှ။
လေယူရာ ယိမ်းအကြွ၊ ရနံ့ပြယ်ရပေါ့တစ်ခါ။
ပြယ်ပြန်လည်း မတတ်သာ။
ပင်စည်ယံ ကိုင်းတံထက်ဆီက
ခြွေယူသူလှမ်းလက် ခွန်းဆက်လို့လာ
ခွန်းဆက်ယူ သူ့နှလုံးသားမှာ
စိတ်အဖန်ဖန်ခါ နှင်းဆီရယ်တစ်ပွင့်(တည်း)ရယ်မို့။
ခြွေယူငင်အနမ်းရှိုက်ခံဖို့ ဆူးခက်ညှာ အံကိုတုလို့ ၊
လှနေလျက်ပဲ။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment