Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, December 2, 2012

“အမြင်”



အိပ်မက်တွေက နိုးတဲ့အခါ

လှပတဲ့ နံနက်ခင်းကို တမ်းတတယ်။

လွမ်းရပေမယ့်…

နွမ်းလျတဲ့စိတ်တွေကတော့

အကြိမ်ကြိမ်အဖန်ဖန်။

ဖြစ်ချင်ခဲ့တာ အလှတရား

သဘာဝမကျတဲ့ အဖြစ်တွေက

မနှစ်ကလိုပါပဲ။

အနားမှာ အချစ်ရှိတဲ့အခါ

ပျော်နေနိုင်တယ်ထင်ရပေမယ့်

ကျွမ်းနေတဲ့ ဝေဒနာကိုတော့

အချစ်က မကုစားနိုင်။


ဘီယာတစ်ခွက်က ယစ်မူးစေပေမယ့်

အချစ်ရဲ့ဆူးကတော့…

ဘီယာတစ်ခွက်လို…စိတ်မသက်သာစေပါဘူး

အချစ်ရဲ့ ခါးသီးခြင်းတွေထက်…

ဘီယာတစ်ခွက်က…ချိုမြလိမ့်မယ်ထင်ပါရဲ့။


နေခြည်သစ်နွယ်(ပြည်)

No comments: