Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, January 23, 2013

“အနိစ္စမြင်ကွင်း”

“အနိစ္စမြင်ကွင်း”
ဘ၀တစ်ပါး၊ ပြောင်းရွှေ့ကွယ်လွန်
သွားကြလေပြီ၊ အနိစ္စသည်
မြဲသည်မရှိ၊ ခန္ဓာရုပ်လည်း
ဆွေးမြေ့အိုဟောင်း၊ နေရာပြောင်းလို့
ထားခဲ့လေပြီ၊ ကျန်ရစ်သူဆီ..။
ပူဆွေးသောက၊ ဗျာပါဒက
တပွေ့တပိုက်၊ ထွေးပိုက်ကာရယ်
သံသရာစက်၊ မပြတ်လည်သည်
ငါ့ခန္ဓာလည်း၊ တစ်နေ့ထိုသို့
ဖြစ်မည်ကြံတွေး၊ မနှေးစေဘဲ
ပွားများဝေစည်၊ ဘာဝနာသည်

သံသရာအေး၊ အတွေးနယ်ပယ်
ချုပ်ငြိမ်းစေမယ်၊ ခန္ဓာအိမ်ဝယ်
ရှုကာမြင်ကာ၊ နာမ်ရုပ်ခွဲခြား
ငါသူတစ်ပါး၊ ယောက်ျားမိန်းမ
မရှိပါဘဲ၊ အရှိမှတ်ထင်
အ၀ိဇ္ဇာသည်၊ ဖုံးလွှမ်းဝေစည်
ငါလည်းသေမည်၊ အိုမည်နာမည်
ရှောင်ဖယ်အဝေး၊ ပြေးတော့မည်လဲ
လွတ်မည်မရှိ၊ ခေါင်းတိုင်ထိဝယ်
မီးခိုးတဝေ၊ ပြာဖြစ်လေမှ
ရှုကာမနေ၊ ပွားများကြလေ
ကမ္မဋ္ဌာန်းတရားတွေ…။


နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: