Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, May 20, 2013

“ကျင့်ကြံပွားစေ သူတော်စင်တွေ”


တရှုတရှိုက်..အသက်မျှလည်း
မငဲ့ကွက်ဘဲ…ကျင့်ကြံကာနေ
သူတော်စင်တွေ….။
မှတ်ဘွယ်သတိ…ဆင်ခြင်သိနှင့်
အာရုံထွေပြား..နေမနားတဲ့
စိတ်သွားရာလေ…စုစည်းကာနေ
အာနာပါဏ..ကမ္မဌာန်းတရား
လက်ကိုင်ထား၍….ကြိုးကုတ်ပွားများ
ဘာဝနာတရား…
ဝီရိယရှေ့…သတိထည့်၍
အားထုတ်ပါလေ…ယောဂီတို့ရေ….။


တရှုတရှိုက်…ရှုမှတ်လေတိုင်း
ကမ္ဘာတစ်သိန်း…ကုသိုလ်တဖြစ်
ရခဲလှသည်…ဘယ်ရာနှင့်မလဲ
ကျင့်ကြံပါမည်…သံသရာရှည်
စိတ်အေးဖို့ရေး…မျှော်တွေးကြည့်မည်
နေရေးတတ်လည်း…သေမတတ်က
အနေခက်မည်…သံသရာတွင်
ကျင်လည်ရမည့်…အိုနာသေရေး
ငါကိုယ်တွေ့လေ…သူတော်စင်တွေ
ပျော်ကာမနေ…အဖော်မပါပေ
သြော်…မဂ္ဂင်စခန်း…တက်လှမ်းကြစို့လေ….။

နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: