Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, January 15, 2013

“ဖေဖော်ဝါရီကမ္ဗည်းသစ္စာ”



“ဖေဖော်ဝါရီကမ္ဗည်းသစ္စာ”

ချစ်တိုင်းလည်းမညား…

ခဏတိုင်းလည်း..မဝေးပါရစေနဲ့…။

မင်းနဲ့ငါ…ရင်ချင်းအပ်

ချစ်ခြင်းဖွဲ့ တမ်းတငေးချိန်

အလွမ်းပါးပြင်ကို… အနမ်းသင်ခန်းစာလေးပေးခဲ့လိုက်ပြီ….။

မင်းနဲ့ငါ အတူပြောခဲ့တဲ့..

ဖေဖော်ဝါရီချစ်သူများနေ့…

ရောက်လာခဲ့ပြီ…သက္ကရာဇ်နှစ်ထောင့်တစ်ဆယ့်သုံးဆီ…။


ဒီနေ့ကိုစောင့်ခဲ့တာ…

ရက်၊လ၊နှစ်တွေကကြာ…

ခုတော့…

မင်းနဲ့ငါ..တွဲလက်တွေအတူယှက်လို့

မခွဲတသက်နွှဲကြမယ့်…

ဖေဖော်ဝါရီတစ်ဆယ့်လေးဟာ

ကမ္ဘာတည်သရွေ့တိုင် တည်မြဲနေကြေး..။

မပီပြင်တဲ့ကံကြမ္မာမုန်တိုင်း..၀င်လာခဲ့ရင်

မဖြုတ်စတမ်း နှလုံးသားတွေက..

သစ္စာတော်တွေရှိနေကြမယ်…

နောင်နှစ်တွေတိုင်းရဲ့..ဖေဖော်ဝါရီအတွက်

ကျောက်စာတစ်ချပ်ရေးသားခဲ့ကြမယ်

ဒါဟာ…မပျောက်ပျက်ကြသေးတဲ့..

ငါတို့နှစ်ဦးရဲ့…ရင်ထဲကအချစ်သစ္စာတရားတွေပေါ့….။


နေခြည်သစ်နွယ်(ပြည်)



No comments: