Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, June 24, 2012

“ကျွန်မချစ်တဲ့ အနုပညာ”

Photo

နူးညံ့လွန်းတဲ့
နှလုံးသားတစ်စုံရယ်
ဘာကြောင့်များ
ငါ့ရင်မှာပေါက်ဖွား
မပြောသာတဲ့ အကြောင်းတရားက
ရောင်မှားလို့များ ပေါ်မလာ
ငွေသော်တာရောင်ခြည်လေးများ
ထွန်းလင်းလို့ ပေးပါတော့လားကွာ....
အိပ်မက်ရဲ့ တမ်းချင်း
အလွမ်းသီချင်းလေးတော့ ညည်းချင်တယ်
သီချင်းလေးတွေကို အတူတူဆိုရအောင်...တဲ့
ဝင်ကမ္ဘာနန်းလယ်မှာ
ရွှင်ကြည်စရာဆေးတခွက်က
ငါ့ရင်မှာ ပေါက်ဖွား
အနုပညာတဲ့လားကွယ်...။
ငါရေးတဲ့ ကဗျာအလှ
ထာဝရမနွမ်းပါရစေနဲ့
ငါ့ဘ၀ရဲ့ သောကစေရာ
တခါတခါ ငိုကြွေးပေမယ့်
အလှအပနဲ့ ရသ
ပကာသနမြေ ဖုံးလွှမ်းတာမပါ
ထာဝရမေ...ချစ်တာ
ရင်ထဲမှာ အစဉ်တသသပါ
ကျွန်မချစ်တဲ့ အနုပညာ.....။

နေခြည်သစ်နွယ်(ပြည်)
နေ့လယ်(၁)နာရီ၊ တနင်္လာနေ့

No comments: