Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, July 23, 2012

“မေ…အရင်အတိုင်းပဲ”

 “မေ…အရင်အတိုင်းပဲ”

လူပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ရယ်
နဂိုအတိုင်း အလှမပျက်စေရန်ရွယ်
ထာဝရ နမ်းရှိုက်စေကွယ်…
မောင်တစ်ယောက်တည်းအတွက်ရည်ရွယ်။  ။

အချိန်တိုင်း မောင်တစ်ယောက်တည်းသာကွယ်
နေရာတိုင်း လွမ်းနေတယ်ဆိုတာရယ်
ချစ်သောသူ သိပါစေကွယ်…။

တမ်းတတိုင်း အချစ်ဆုံးသူရယ်
အိပ်မက်တွေတိုင်း မောင်အမြဲပါကွယ်
အရောက်လှမ်းလာတော့ ချစ်ရသူရယ်..။

ချစ်သူတိုင်း ၀ိုင်းဝိုင်းလည်နေသူရယ်
မောင်အချိန်တိုင်း ပြောတတ်ပါတယ်
မေ..အရင်အတိုင်းပဲ….မောင့်ကိုချစ်ပါတယ်…။

လွမ်းရတဲ့အချိန်တိုင်း…မျက်ရည်တွေဝဲခဲ့ရတယ်
မေငိုတဲ့အချိန်တိုင်း မောင့်ကိုပဲတမ်းတမ်းတတယ်
အနားနားမှာ အချိန်တိုင်း…ရှိနေလို့ပေးပါတော့လားကွယ်….။


နေခြည်သစ်နွယ်(ပြည်)

No comments: