Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, August 28, 2012

“ဘ၀မုန်တိုင်း”

သောကဗွေ ရတက်မအေးတယ်
စိတ်ရိုင်းတွေ လှိုင်းတံပိုးထန်တယ်
ရင်ထဲသည်းခြေ အနာတရကွယ်
ခွန်အားတွေ မျှဝေပေးပါကွယ်…။
ရှင်းသန့်စေ အပြုံးတွေ

နှလုံးသားကိုလေ လက်စားချေ
အမုန်းတရားတွေ မရှိဘူးလေ
ရှုံးနိမ့်ခြင်းတွေ ဗလောင်ဆူပွေ..။

ဟန်ချက်ညီ ဆေးရေး
အမှန်တစ်ဖက်ဆီ တွေး..
ရေးရေးသော် မမြင်ပေး
မီးအိမ်ရှင်လေး ပျောက်ဆုံးအဝေး..။

သောကတွေ ခရေစီ
မုန်တိုင်းဝေ ရင်တွင်းဆီ
အေးမြခြင်းတွေ ပျောက်ဆုံးပြီ
မှိုင်းပြာရီတဲ့ ဘ၀တစ်ကွေ့ဆီ..။
ကံကြမ္မာရဲ့ စေလိုရာ
ဘုရားရှင်ရဲ့ ခြေတော်မှာ
ရိုသေခြင်းတွေ သက်ဆင်း
မပြတ်မယွင်းတဲ့ သစ္စာ
အမှန်ချစ်ခြင်းဖွဲ့ မေတ္တာ
လာ..အပြစ်ကင်းမဲ့ ဘ၀မှာ
ချစ်ခြင်းအလွမ်းမဲ့ တည်ဆောက်နေချင်တာ။


နေခြည်သစ်နွယ်(ပြည်)

No comments: