Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, August 2, 2012

“လမြတ်ဝါဆို”

“လမြတ်ဝါဆို”

လမြတ်ဝါဆို ..အခါတော်ကို

ပုန်းညက်ပန်းတို့..ကြိုကာဆို…။



လမြတ်ဝါဆို..တေးသံတွေချို

ဓမ္မစကြာတရားတော်ကို

ဘုန်းရောင်လွှမ်းခြုံ..ဘုရားရှင်ကို

လေးမြတ်စွာကြို…ဦးခိုက်ကြစေလို..။

လမြတ်ဝါဆို..သံဃာတော်ကို

လှူကြစေလို…

ဝါတွင်းသုံးလ..

ကျောင်းထိုင်သင်္ကန်း..ကပ်ပါစေလို..

ခြေဦးမကြွ..ရပ်ဌာနသို့

တည်မြဲပါစေ မြတ်သောအကျင့်လေ

ဘုရားရှင်ရဲ့ ပညတ်တော်မလွဲပေ…။

လမြတ်ဝါဆို..ဒေသနာကို

ဦးစွာဟောကြား..တရားဦးကား

ဓမ္မစကြာတရားတော်ကို

ဘုရားရှင်က..မြွက်ကြားဂေဟာ

ဤလမြတ်ရဲ့ ၀ါဆိုဦးအခါပါ…။


 နေခြည်သစ်နွယ်(ပြည်)

No comments: