Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, August 25, 2012

“တိတ်တိတ်လေး..”



ငါ့ရင်မှာ အစပျိုး

ခပ်တိုးတိုးလေး ရွတ်ဆိုမိပြီ

သူ့ကိုချစ်တယ် စကားလုံး

ခပ်ကြွားကြွားလေး ပြောတာမဟုတ်

သိပ်တအားချစ်တယ်တဲ့လေ….။


ငါ့ရင်ဘတ်မှာ ငုတ်လျှိုး

လှုပ်နှိုးလို့သွားတယ်ကွယ်

တရံတခါရယ် အချစ်စမ်း

ခံနိုင်ရည် မပြိုင်စတမ်းတဲ့

နှုတ်ဖျားမှ တဖွဖွ

ချစ်တယ်..လွမ်းတယ်ဆိုမယ်

သိမ်းထားမယ် နှလုံးသားထဲမယ်

ဘယ်တော့မှ ဖွင့်မပြောကြေးကွယ်

တိတ်တိတ်လေးပဲ နေပါရစေတော့ကွယ်…။


နေခြည်သစ်နွယ်(ပြည်)

No comments: