Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, September 1, 2012

အလွမ်းအိပ်မက်ရဲ့ ရင်ခုန်သံ (ဇာတ်သိမ်းပိုင်း)

ဇာတ်သိမ်းပိုင်းကို မဖတ်ခင် အပိုင်း(၁)ကို ဖတ်ရှုကြည့်ပါနော် 


”အလွမ်းအိပ်မက်ရဲ့ရင်ခုန်သံ” (ဇာတ်သိမ်းပိုင်း)
“မောင်ရေ..ပုလဲတို့ရှေ့ရေး ဘယ်လိုတွေးထားလဲဟင်..ပုလဲကတော့ မောင်နဲ့ အမြန်ဆုံးနီးချင်တယ်မောင်ရယ်”
“မောင်လည်း နီးချင်တာပေါ့ ပုလဲရယ်..ဒါပေမယ့် တသက်တာပျော်ရွှင်ဘို့အရေးကို မောင်တို့ ခဏတော့ ဝေးရ အုံးမှာပေါ့ ပုလဲရယ်..မဟုတ်ဘူးလား”
မောင့်ရဲ့ ပြောနေကျ လက်သုံးစကားတွေကို ပုလဲရင်ထဲမှ လွန်ဆန်ချင်မိခဲ့သည်၊ ပုလဲဖြစ်ချင်သည်က ဆင်းရဲခြင်းတွေ၊ ချမ်းသာခြင်းတွေကို နှစ်ယောက်အတူမျှဝေဘို့ပါ၊ မောင့်ရဲ့စိတ်ကို နားမလည်ခဲ့တဲ့ ပုလဲရဲ့ အပြစ်ဆိုရမလား၊ ဒါမှမဟုတ် ပုလဲရဲ့စိတ်ကိုပဲ မောင်ကမသိတာလားကွယ်..။
ခုဆို မောင်နဲ့ပုလဲဝေးနေခဲ့တာ နှစ်တွေတောင်ကြာနေခဲ့ပြီပဲ၊ လွမ်းတယ်မောင်ရယ်..မောင့်ကို ပုလဲ ခုချိန်ထိ စောင့်မျှော်နေဆဲပါကွယ်..အကြောင်းပြချက်မရှိ အဝေးဆုံးကိုထွက်သွားခဲ့တဲ့ မောင့်ကို ပုလဲ ချစ်နေဆဲပါနော်။ ပုလဲရဲ့ အချစ်တွေကို နားလည်တယ်..သိနေတယ်..ချစ်နေခဲ့သေးတယ်ဆိုရင်..ပုလဲရဲ့အနားကို ပြန်လာပေးပါ နော်၊ မောင်လည်း..ပုလဲလိုပဲ လွမ်းနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်နော်၊ ရင်ထဲမှ သိုဝှက်ထားတဲ့ အလွမ်း တွေကို သိမ်းဆည်းရင်းဖြင့် ပုလဲတစ်ယောက် အတွေးတွေဖြင့် လူးလွန့်နေခိုက်တွင်….

“ပုလဲ..”
ခေါ်သံတစ်စုံတစ်ရာကို ကြားလိုက်မိသည်…ဟုတ်ပါသည်..သူမှသူ့အသံပါပဲ..တစ်ချိန်တစ်ခါက ပုလဲကြားခဲ့ဘူး သည့်အသံမျိုးပင်၊ “မောင်”ဟုတ်ရဲ့လား…ဟုတ်ပါ့မလား..မဖြစ်နိုင်ပါဘူး..
“ပုလဲ…မောင်ပြန်လာပြီလေ”
ရုတ်တရက် နောက်သို့ လှည့်ကြည်မိလိုက်စဉ်..
“ကလင်….ကလင်…ကလင်…”
“ဟယ်လို..မေပုလဲခင်နဲ့ ပြောချင်လို့ပါခင်ဗျာ”
“ဟုတ်ကဲ့…ပုလဲပြောနေပါတယ်..”
“ဟုတ်ကဲ့..ကျွန်တော် နှောင်းသက်ပိုင် သူငယ်ချင်းပါ၊ နှောင်းသက်ပိုင် အက်စီးဒင့်ဖြစ်လို့..ခု ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို လိုက်ခဲ့ပေးပါနော်”
“ရှင်…ဟုတ်…ဟုတ်ကဲ့”
“မောင်” ရောက်လာတယ်..ဘာတွေဖြစ်ကုန်ပြီလဲ၊ “မောင်” ဘာမှမဖြစ်ပါစေနဲ့..ရင်တွင်းမှ ဆုတောင်းစကားသံ များနှင့်အတူ ပုလဲမျက်ဝန်းမှ မျက်ရည်စများ ကျလာခဲ့ရသည်၊ မကြာတော့ပါ..ပုလဲ “မောင်”ရှိသော ဆေးရုံကြီး အတွင်းသို့ ရောက်ရှိခဲ့ပါပြီ။ အရေးပေါ်လူနာကုသဆောင်တွင်းသို့ ၀င်လာခဲ့ပြီး..အခန်းတွင်းရှိ ကုတင်ထက်တွင် ဖြူဖွေးသောပတ်တီးစတို့က ပုလဲကို ကြိုဆိုနေသည်၊ တဖြည်းဖြည်းဖြင့် “မောင်”နှင့်နီးရာသို့ ရောက်လာခဲ့ချိန်၊ ပုလဲမျက်ရည်တွေ ထိန်းသိမ်းမထားခဲ့တော့ပေ…
“ဖြစ်မှဖြစ်ရလေ..မောင်ရယ်..”
“ပုလဲ…ပုလဲ..မောင် ချစ်တယ်နော်..မောင်အနားမှာဘဲနေပါနော်..ပုလဲ ဘယ်မှမသွားပါနဲ့နော်”
“မောင့်”ရဲ့ ဦးခေါင်းမှဒဏ်ရာအရှိန်တို့က ကယောင်ကတမ်းဖြစ်စေခဲ့သည်..
“မောင်ရယ်..ပုလဲ မောင့်အနားမှာရှိနေတယ်နော်…”
“မောင့်”ရဲ့ လက်ချောင်းလေးများမှ အသာအယာလှုတ်နိုးလာခဲ့သည်၊ တဖြည်းဖြည်းဖြင့် မောင့်မျက်လုံးလေး တွေက စကားပြောသယောင် မြင်လာခဲ့သည်၊ နာကျင်စွာခံစားနေရသောဝေဒနာများထဲမှ “မောင်”က ပုလဲကို ပြုံးပြနေနိုင်သေးသည်…။
“အား…ကျွတ်…ကျွတ်..ကျွတ်…ကျွတ်..ကျွတ်”
 “ပုလဲ..မောင့်ကို ခွင့်လွှတ်ပါနော်၊ မောင်..ပုလဲကို ပစ်ထားခဲ့မိသလိုဖြစ်သွားတယ်..ပြီးတော့ မောင်.ပုလဲကို အဆက်အသွယ်မလုပ်ခဲ့တာ…ပုလဲနဲ့မောင်တို့ဘ၀အတွက် အလုပ်တွေကြိုးစားလုပ်နေခဲ့လို့ပါ၊ ပြီးတော့လေ.. ခု..ပုလဲနဲ့မောင် လက်ထပ်ကြမယ်..လက်ထပ်ဖို့အတွက်လည်း လုံလောက်တဲ့ငွေကြေးတွေ စုဆောင်းပြီးပြီ၊ ပြီးတော့လေ…”
“အား…အား”
“မောင်…ဖြည်းဖြည်း…ဖြည်းဖြည်း…ဒဏ်ရာတွေကနာနေမှာပေါ့”
ပုလဲ မျိုသိပ်မထားနိုင်တော့ဘဲ..မောင့်ရင်ခွင်လေးထဲ တိုးဝင်မိရင်း ရှိုက်ကြီးတငင် မျက်ရည်များဖြင့် စို့နင့်နေခဲ့ ရသည်..
“မောင်ရယ်…ပုလဲကို ဟိုးတုန်းတည်းက ပြောပြခဲ့ပါတော့လား…ခုမှ ဘာလို့ပြောပြခဲ့ရတာလဲ၊ မောင်သာ တခုခုဖြစ်သွားခဲ့ရင် ပုလဲရင်ကျိုးရချည့်ရဲ့..မောင့်ရဲ့မေတ္တာတွေ..အချစ်တွေကို ပုလဲ နားလည်သွားပါပြီနော်..၊ မောင့်မှာ အပြစ်မရှိတဲ့အတွက်လည်း ပုလဲက ခွင့်လွှတ်ပါတယ်နော်”
“မောင့်” ရဲ့အပြုံးတွေနဲ့အတူ နွေးထွေးရှင်သန်စေသော ရင်ခွင်တစ်စုံက ပုလဲအတွက် ခွန်အားသစ်တွေဖြစ်စေ ခဲ့ပါပြီ၊ မောင့်လောက် ပုလဲကို ချစ်နိုင်မယ့်သူမရှိတော့ပါဘူး..မောင့်အတွက် ပုလဲကလည်း နွေးထွေးတဲ့ မေတ္တာ တွေနဲ့အတူ ရှင်သန်နေစေပါ့မယ်နော်၊ မောင်ပြောခဲ့တဲ့ အချစ်ဆိုတာ ချစ်နေတတ်ဘို့ပါပဲဆိုတာကို ပုလဲရင်ထဲက နေ လှိုက်လှိုက်လှဲလှဲနဲ့ လက်ခံလိုက်ပါပြီ မောင်ရယ်…….။

(ချစ်တတ်တဲ့သူတိုင်း...ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။)

နေခြည်သစ်နွယ်(ပြည်)

2 comments:

လွင်ပြင်လှိုင်းငယ် said...

အလွမ်းအိပ်မက်ရဲ့ ရင်ခုန်သံ အစအဆုံး အားပေးသွားပါတယ်

နေခြည်သစ်နွယ်(ပြည်) said...

ခုလို အချိန်တွေမအားလပ်တဲ့ကြားက
စာတွေကို အစအဆုံးဖတ်ရှုအားပေးသွားတဲ့အတွက် အနှိုင်းမဲ့ကျေးဇူးတင်ပါတယ်ရှင်။
နောက်လည်း လာလည်ဘို့ဖိတ်ခေါ်ပါတယ်နော်။