အလွမ်းဆိုတဲ့ မျက်ရည်တွေက
စီးကျကာ..လာပြန်တော့
အခါခါပြန်တွေးခဲ့ရတယ်
အဆွေးတစ်စတွေက
ပြည့်နှက်လို့လာခဲ့ပြန်တယ်
တရံရောအခါရယ်
ရက်၊ လ၊ နှစ်တွေကြာခဲ့ပြီကွယ်
တွေးလို့သာနေလည်း..
အဆွေးတို့က မပျက်ပြယ်
ရွက်လွှင့်တယ်..အလွမ်းတွေက
ပင်လယ်ပြင်ကျယ် စီးမျောတယ်
အချည်းအနှီးသဘောတွေရယ်
လွင့်မျောလို့နေတယ်…
နှလုံးသားကမ်းခြေ၀ယ်
လှမ်းခြွေတယ် အနမ်းတွေရယ်
ပန်းတွေဝေတဲ့ ဥယျာဉ်ဆိုတာ
အပန်းတွေပြေစေတဲ့ မြက်ခင်းမဟုတ်
လှမ်းမျှော်ကြည့်ရင်..အဝေးက
အတွေးတစ်စတို့နဲ့ လွမ်းနေတာ
အို….သိနိုင်ပါ့မလား…..။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment