Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, September 22, 2012

“ချစ်သော်လည်း..ရလဒ်”



ငါ..တန်ဖိုးထားခဲ့ပါတယ်

ချစ်တဲ့သူရယ်..

အားလုံးထက်ပိုချစ်ခဲ့တယ်

ငိုကြွေးခြင်းတွေကြားဝယ်

နှစ်ကိုယ်သာသိပါတယ်

အကြင်နာစစ်တွေရယ်

ခုတော့လည်း..ရယ်စရာတွေဖြစ်နေပြီလားကွယ်…။


ချုံးချုံးချ နှလုံးသားကို

အရှုံးသမားဖြစ်စေခဲ့တယ်

ငါ.ရှုံးပြီးသားပါကွယ်

အနိုင်မလိုချင်ပါနဲ့တော့

ငါ့ရင်မှာ ရှိသမျှ

ချစ်လို့မ၀တဲ့ နှလုံးသားတွေက

မင်းထုဆစ်လို့..ကြေမွကုန်စေပြီကွယ်။


နေခြည်သစ်နွယ်(ပြည်)

No comments: