တိုက်တိုင်းလည်း အနိုင်မရနိုင်
ယိုင်လဲမသွားတဲ့ စိတ်တွေနဲ့
အရိပ်တွေလို စောင့်စား
မဟောင်းသွားတဲ့ ဘ၀တွေက
ကာလကြာရှည် ဖြတ်သန်းရအုံးမယ်..။
ထင်တိုင်းလည်း မဖြစ်နိုင်
ဖြစ်နိုင်တာက အရင်စ
ဘ၀င်မကျတဲ့ စိတ်နှလုံးဟာ
ဆိတ်သုဉ်းကာ နေတတ်ပါစေ
ကျေနပ်နေပေ ခဏတာလေ…။
ကျင့်တိုင်းလည်း မဖြစ်နိုင်
ဖြစ်နိုင်တာက အရင်စ
ဘ၀င်ကျတဲ့ ကမ္မဋ္ဌာန်းဟာ
ဖြတ်သန်းကာ နှာသီးဖျား
အကြာကြီးလည်း မထားရပါဘူး
သွားချင်တာ စိတ်ကလေးက
သတိလေးထားစရာ..
အမြင်အတွေး မမှားရပါ
ဒါ…၀ိပဿနာ….။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment