Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, September 26, 2012

“နေခြည့်အတွက်…စက်တင်ဘာအမှတ်တရနေ့”


ဒီနေ့ဟာ ကြေကွဲဖွယ်နေ့ရက်လေးတစ်ခုပါ…နေခြည် အွန်လိုင်းပေါ်မှာ ခြေချခဲ့တာ (၂)နှစ်ပြည့်ခဲ့ပါပြီ… အလုပ်တွေကြားမှာ စာတွေလည်း ဖတ်ဖြစ်ခဲ့သလို၊ စာတွေလည်း ရေးဖြစ်ခဲ့ပါတယ်… အထူးသဖြင့် ကဗျာလေးတွေပါပဲ..၊ နေခြည့်ဆရာရဲ့ လမ်းပြ ပေးမှုကြောင့် နေခြည် ကိုယ်ပိုင်ဝဘ်ဆိုဒ်လေးတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆရာ့ရဲ့ လမ်းပြမှုတစ်ချို့ကစခဲ့လို့..နေခြည် သိချင် တာတွေ၊ စူးစမ်းချင်တာတွေအားလုံးကို..လေ့လာမှတ်သားဖြစ်ခဲ့လို့ ၀ဘ်ဆိုဒ်လေးဟာ အတော်အသင့် လှပပြည့်စုံနေခဲ့ပါတယ်။ နေခြည့်ရဲ့ ဘ၀အမောတွေပြေစေတဲ့ဆိုဒ်လေးတစ်ခုဆိုလည်း မမှားပါဘူး…။
အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိဘို့အတွက် မျှော်လင့်ခဲ့တာမဟုတ်ဘဲ…ဘ၀ရဲ့ရှင်သန်ချိန် နေ့ရက်တွေထဲမှာ ပုံဖော်ခဲ့တဲ့ အရာလေးတွေကို နေခြည်နဲ့အတူ နေခြည့်ရဲ့ ကဗျာလေးတွေကို အားပေးခဲ့ကြသော စာဖတ်ပရိသတ်များအတွက်လည်း မျှဝေ ခံစားနိုင်မယ်…တစ်စုံတစ်ခုကိုပေးစွမ်းနိုင်ခဲ့မယ်ဆိုရင်ပဲ ပီတိရဲ့အငွေ့အသက်တစ်ခုကို ကျေနပ်စွာနဲ့လက်ခံနေမှာပါ။ တကယ် ဆိုတော့ နေခြည့် ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုဟာ စာပေအတွက်မဟုတ်ခဲ့ရပါဘူး။

ကဗျာလေးတွေကို ၂၀၁၀ခုနှစ်မှာ flashsongဆိုတဲ့ ဆိုဒ်တစ်ခုမှာ ရေးသားခဲ့ရင်းက ဆရာနေမင်းခိုင်ရဲ့ လမ်းညွှန်မှုကြောင့် ချစ်သူမြို့တော်….ယခုတော့ ရွှေမြို့တော်ကြီးပေါ့…ဒီဆိုဒ်လေးထဲမှာ စတင်တည်ထောင်ချိန်ကစလို့ ကဗျာလေးတွေ ရေးသား ဖော်ပြခဲ့ရင်း…စာဖတ်သူတွေရဲ့ သတိထားအားပေးမှုကို ခံခဲ့ရလို့…နေခြည်ဆိုတဲ့ နာမည်လှလှလေးတစ်လုံး ဖြစ်ပေါ် လာခဲ့ရ ပါတယ်။ ရွှေမြို့တော်ဟာ နေခြည့်ရဲ့ မိခင်ဝဘ်ဆိုဒ်ဆိုရင်လည်း မမှားပါဘူး…ဒီဆိုဒ်လေးထဲမှာ အလုပ်တွေအားနေချိန်ဆို ချက်ရွန်းဘောက်လေးမှာ အပျော်သဘော ၀င်ပြောတတ်ခဲ့မိပါတယ်…သူငယ်ချင်းတွေစုံလင်ခဲ့ပြီး…ယခုအချိန်ထိလည်း မတွေ့ကြ ရတော့ပေမယ့် အမြဲတမ်းသတိရနေခဲ့ကြတဲ့သူတွေပေါ့..
တကယ်တော့ တစ်နှစ်တာ ကာလတွေမှာ မိခင်ဆိုဒ်ကြီးထဲမှာဘဲ နေခြည် ပျော်မွေ့နေခဲ့ရင်း စာတွေလည်း ဆက်လက်ရေးသားခဲ့ ပါတယ်…အခြားဆိုဒ်တွေကတော့ အီးမေးလ်ပို့လာခဲ့တာရယ်..သူငယ်ချင်းတွေရဲ့ မိတ်ဆက်ပေးမှုကြောင့် ၀င်ရောက်ခဲ့ပေမယ့် မိခင်ဆိုဒ်ကြီးထက်တော့ မပျော်နိုင်ခဲ့တာ အသေအချာပါပဲ..။ မိခင်ဆိုဒ်ကြီးထဲမှာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခဲ့တယ်…အပျော်တမ်းကဗျာ ပြိုင်ပွဲတွေလည်း ယှဉ်ပြိုင်ခဲ့ရပါတယ်…ဟိုး..အရင်က ချက်ရွန်းမှာ သူငယ်ချင်းတွေ တယောက်ကိုတယောက် လူမမြင်ဘူးခဲ့ကြပေ မယ့် စေတနာတွေ..မေတ္တာတွေကတော့ ယခုအချိန်ထိ ပြန်တွေ့ကြရတိုင်း…
“မမနေခြည်ရယ်…ကျွန်တော်တို့တော့ ဟိုးတုန်းကလောက်မပျော်တော့ဘူးတဲ့..”
“သူတို့လေးတွေပြောပြလာတော့..ရင်ထဲမှာ နင့်ကနဲနေရပါတယ်..”
နေခြည်ကို့ ချစ်တဲ့ ကလေးတွေက နေခြည့်ကို ရင်ဖွင့်လာတာလေးတွေလည်း တွေ့ရတတ်ပါတယ်…ငယ်သူတွေကို ညှာတာပြီး ကြီးသူတွေကို လေးစားခဲ့ပါတယ်။ အရွယ်တူတွေကိုတော့ နေခြည့်ရဲ့ စွမ်းအားရှိသလောက် အကြံကောင်းလေးတွေ ပေးတတ်ခဲ့ ပါတယ်…။ နေခြည်တို့တွေဟာ အွန်လိုင်းဆိုတဲ့ မြေပြင်ကျယ်ကြီးထဲမှာ အကျိုးရှိစွာအသုံးချရင်း ရှင်သန်နေခဲ့ကြသူတွေရယ်ပါ… ဘ၀ရဲ့ အခက်အခဲတွေကြုံနေချိန်..သောကတွေ ထွေးပိုက်နေချိန်တွေမှာ ချက်ရွန်းက အဓိကပါဝင်နေခဲ့ပါတယ်.. အချို့ကတော့ ချက်ရွန်းမှာ တကယ့်ကိုပဲ သိသိသာသာ ဆဲရေးတိုင်းထွာကြပါတယ်။ အချို့ကလည်း ပျော်ကြပါတယ်…အချို့ကလည်း ချက်ရွန်း မှာ တခါမျှမသုံးဘူး၊ မသုံးတတ်ခဲ့တော့…အများပြောဆိုတဲ့ ချက်ရွန်းထဲမှာ သူပြော…ကိုယ်ပြောတွေနဲ့…ဘာပြောရမှန်းမသိ ဖြစ်နေ ကြပါတယ်။ အချို့ကလည်း နေ့စဉ်လို သုံးကြတော့ ရင်းနှီးကြတဲ့ သူငယ်ချင်းတွေကို ပြောဆိုတတ်ပါတယ်..။
အဓိကကတော့ ချက်ရွန်းထဲမှာ အများဆုံး ပြောတတ်ခဲ့ကြတာကတော့ ဘန်းစကားပါပဲ..ကြားဘူးကြမယ်ထင်ပါရဲ့
“နင် …တေလိုက်….ဟိဟိ…တိန်…..ဟိုက်…”စသည်ဖြင့်ပေါ့… ရင်းနှီးပြီးသူငယ်ချင်းတွေကို စကြ၊ နောက်ကျပြောဆိုတတ်ကြပါ တယ်။ နေခြည်ကတော့ ချက်ရွန်းပျော်သူလေးပေါ့…ဒါကြောင့်လည်း ဘန်းစကားတွေကို နားလည်တတ်ခဲ့ပါတယ်။ တခါတရံ မိခင်ဆိုဒ်ကြီးထဲမှာ..ရွန်းထဲမှာ ရန်ဖြစ်နေကြတဲ့အခါ..
“မမနေခြည်…လာပါအုံး..ဟိုမှာ ချကုန်ကြပြီ…မမရှင်းတို့လည်းရှိဘူး…” လာခေါ်ကြပါတယ်။ ဟိုး…တုန်းကတော့ အတ်မင်တွေ အများကြီးရှိကြပါတယ်…မိခင်ဆိုဒ်ကြီးထဲမှာ အတ်မင်တွေအပြင်..မမ်ဘာတွေအားလုံးကလည်း တပြေးညီတွေပါပဲ…အားလုံး စည်းလုံးညီညွတ်ကြလို့ပေါ့.. တခါတရံ အချင်းချင်းတွေ စိတ်အခန့်မသင့်တဲ့အခါလည်း ဖြစ်ကြရပါတယ်.. နေခြည်ကတော့ သူ၏ အကြံ…ကိုယ်၏အကြံ အားလုံးကို တစုတစည်းတည်း ဖြစ်စေချင်ခဲ့တာပါပဲ။ တစ်ယောက်ရဲ့ အကြံကို တစ်ယောက်ကလည်း လက်ခံနိုင်ရမယ်ပေါ့..အားလုံးဟာ.. ငါဆိုတဲ့ တရားတွေ ဖြုတ်ထားခဲ့ရင် အောင်မြင်မှုတစ်ခုဖြစ်လာနိုင်မှာပါ…။
ဒီနောက်ပိုင်းမှာ နေခြည့်ရဲ့ ညီမလေးက…
“မမ…ဒီဆိုဒ်လေးကိုလည်း မမ်ဘာဝင်ပေးပါအုံးဆိုခဲ့လို့” နေခြည် ၀င်ရောက်ခဲ့ပါတယ်…ကနဦးမှာ ကြိုဆိုမယ့်သူမရှိတဲ့အတွက် ၀မ်းနဲခဲ့ရပါတယ်…နောက်နေ့တွေမှာတော့ နေခြည့်အိမ်လေးကို ပြင်ဆင်ခဲ့မိတယ်…စာတွေလည်းရေးဖြစ်ခဲ့ပါတယ်…။ အလုပ်တွေ နားချိန်…စိတ်တွေမွန်းကျပ်တဲ့အချိန်တိုင်း…ချက်ရွန်းလေးထဲဝင်ရောက်ပြီး ပြောဆိုလေ့ရှိပါတယ်…။ အစကနဦးမှာ နေခြည့်ကို နားမလည်ကြပါဘူး…နောက်ဆုံးမှာ သူငယ်ချင်းတွေအားလုံးက နေခြည့်ကိုနားလည်သွားကြတော့ ပျော်ခဲ့ရပါတယ်… သူတို့လေး တွေနဲ့ နေခြည် ပျော်ခဲ့ရပါတယ်။ ဒီနေ့တော့ နေခြည်တစ်ယောက် ကံဆိုးခဲ့သလားမသိ.. သူငယ်ချင်းတွေပျော်ပါစေဆိုတဲ့ စိတ်ကလေးနဲ့ပေါ့…လူသတ္တ၀ါအားလုံးအပေါ်မှာ မေတ္တာတွေထားနိုင်နေခဲ့ပါတယ်..သူတစ်ပါးကို စိတ်အနှောက်အယှက်ဖြစ်စေဘို့ ရည်ရွယ်ချက်တစုံတခုလေးမှ မရှိခဲ့ရပါဘူး..တကယ်ဆိုတော့ နေခြည်တွေးမိပါတယ်…နေခြည်ဟာ ငါဆိုတဲ့စိတ်ကလေးသာ ထား ဖြစ်ခဲ့ရင်…ချက်ရွန်းလေးထဲကို ရောက်ခဲ့မိမှာမဟုတ်ပါဘူး…
နေခြည် အဲ့ဒီဆိုဒ်လေးထဲမှာ ပျော်ခဲ့ပါတယ်…ပျော်ခဲ့လို့လည်း သူငယ်ချင်းတွေနဲ့အတူ စကားတွေပြောဖြစ်ခဲ့ပါတယ်… ချက်ရွန်း ဘောက်ဆိုတော့ ဘန်းစကားတွေပဲပေါ့…ဘာရယ်မဟုတ်ကြပါဘူး…ချက်ရွန်းဆိုတာ အများအတွက် ပျော်စေဘို့အတွက် ပြုလုပ်ထားခဲ့တဲ့ ဘောက်ကလေးတစ်ခုရယ်ပါ… အဲ့ဒီဘန်းစကားလေးတစ်ခုကြောင့် နေခြည့်ကို နားမလည်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက် စိတ်အနှောက်ယှက်ဖြစ်သွားတယ်ထင်ပါရဲ့…လူတွေမှာ စိတ်တွေကိုယ်စီပါလားဆိုတာ နားလည်သွားခဲ့ရပါတယ်…။
နေခြည် မှားသွားသလားဆိုတာ စဉ်းစားမိခဲ့ရပါတယ်…နေခြည့်မျက်ဝန်းက မျက်ရည်စတွေက အလိုလိုကျဆင်းလာခဲ့ရပါပြီ။ ၀မ်းနဲမှုတစ်ခုရယ်ပါ…ဘာမှမဖြစ်စလောက်လေးကလည်း လူကို ကြေကွဲစေပါလားလို့ တွေးမိရပါတယ်။ စာတွေရေးသူပီပီလို့ ပြောလာရင်လည်း နေခြည်လက်ခံပါတယ်။ ဒါပေမယ့် နေခြည့်နှလုံးသားထဲက စီးဆင်းလာတဲ့ မျက်ရည်တွေဟာ တန်ဘိုးရှိပါတယ် လို့ နေခြည်ပြောပြချင်ပါတယ်… မရည်ရွယ်ခဲ့မိပါဘဲ အဖြစ်အပျက်တစ်ခုကြောင့် နေခြည်ချစ်သော သူငယ်ချင်းတွေကို နှုတ်ဆက် ခဲ့ရပါတော့တယ်…။
ယခုအချိန်မှာဆို နေခြည့်ရဲ့ မိခင်ဆိုဒ်ကြီးထဲက ချက်ရွန်းဘောက်လေးထဲမှာလည်း ခြောက်သွေ့စွာ အထီးကျန်နေလောက်ပါပြီ… သူတို့လေးတွေဟာ..နေခြည့်ရဲ့ ညီမလေးတွေ..မောင်လေးတွေ…အစ်ကိုတွေဆိုလည်း မမှားပါဘူး..ဟိုးတစ်ချိန်က ချစ်ခဲ့ရတဲ့ သူငယ်ချင်းတွေမရှိတော့ပေမယ့်လည်း နောင်လာမယ့် မျိုးဆက်သစ်လေးတွေကို လက်တွဲခေါ်ယူသွားဘို့ရာ နေခြည်က အဆင် သင့်ပါ…နေခြည် အမှားနဲ့အမှန်ကို ဝေခွဲတတ်ခဲ့ပေမယ့်…အငြင်းမပွားတတ်ခဲ့ပါဘူး..အမှားနဲ့အမှန်ဆိုတာ နေခြည်တို့ရဲ့ စိတ်ဆိုတဲ့ စေတသိတ်လေးကြောင့် ဖြစ်ခဲ့လို့ပါပဲ…။
ကြေကွဲစရာကောင်းတဲ့ ဒီနေ့ရက်လေးဟာ ဘန်းစကားလေးတစ်လုံးကြောင့် နေခြည်အမှားဖြစ်သွားခဲ့မယ်ဆိုရင်… သူငယ်ချင်း များအားလုံးကို နေခြည်က တောင်းပန်စာလေး ရေးသားလိုက်ပါတယ်နော်…အရာအားလုံးဟာ မမြဲနိုင်တဲ့ သဘောတရားတွေ ကြောင့် နားလည်မှုတွေနဲ့အတူ ထပ်တူရှိနေပါ့မယ်..ပူလောင်ခြင်းဆိုတဲ့ သောကမျက်ရည်တွေ ခန်းခြောက်နိုင်ပြီး…အေးချမ်းတဲ့ အရိပ်အာဝါသတွေရဲ့ အောက်မှာ နားခိုနိုင်ကြပါစေလို့….နေခြည်က ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်နော်…..။


နေခြည်သစ်နွယ်(ပြည်)


No comments: