Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, September 28, 2012

“အနမ်းတစ်ပွင့်ရဲ့..ဒိုင်ယာရီ”

တစ်နေ့..
အလွမ်းတွေဝေနေဆဲ
ပန်းတွေခြွေတဲ့ ညတစ်ညမှာ
အနမ်းတွေလည်း ကြွေခဲ့ရပြီ..။

တစ်နေ့..
လှမ်းမျှော်နေဆဲ
အနမ်းတွေ ခြွေသွားခဲ့တယ်
ပန်းတွေလည်း..မြေခခဲ့ရပြီ…။ ချစ်သူရဲ့ အနမ်းတစ်ပွင့်
ပန်းတစ်ပွင့်ပမာ..
နမ်းရှိုက်လို့နေဆဲ..
ဒိုင်ယာရီ စာမျက်နှာ
ဖြူလွလွ စာလုံးလေးတွေအောက်မှာ
အရောင်တွေက မှေးမှိန်
သေးသိမ်တဲ့ ပြယုဂ်တစ်ခုပမာ
အလှတစ်ခုတို့က ကြွေလွင့်စေခဲ့ပြီလေ…။

နေခြည်သစ်နွယ်(ပြည်)

No comments: