ပျံသန်းကြ အတူတူ
လာအတူတူ ရင်ခုန်သံစစ်စစ်က
ဖြစ်..ဖြစ်သမျှ ရင်ဆိုင်ကာ
ကြင်နာတောင်ပံခတ်သံတွေက
နှစ်ယောက်အတူ ပျံသန်းကြမယ်…။
ပေါ့ပေါ့ပါး အတူတူ
မောင်နှံစုံ နှစ်ကိုယ်တူက
မငြူစူကာ ဖြတ်သန်း
အချစ်ငှက်မောင်နှံ…
ထာဝစဉ်ပျံသန်းကြမယ်
ရင်ခုန်သံ လေဟာနယ်ထဲဝယ်
တူပျော်မယ် ချစ်ငှက်သဖွယ်
ရစ်ပတ်နှောင်တွယ်မရှိတယ်..
အဆုံးမဲ့ထိ ပျံသန်းကြမယ်ကွယ်..
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment