Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, September 5, 2012

“ပျော်ရွှင်ပါစေ..မွေးနေ့ရှင်”








မိုးနှောင်းကာလရဲ့ မိုးစက်လေးတွေက ကုန်ဆုံးကြွေကျနေချိန် ဆောင်းဦးပွင့်ကူးတော့မယ်။ အောက်တိုဘာဆို ကိုကို့ရဲ့ မွေးနေ့လေးကို ရောက်လာတော့မယ်။ ကိုကိုနဲ့ညီမလေးတို့က အချိန်နဲ့အမျှဝေးကွာနေခဲ့ကြပါတယ် လေ။ ဒါပေမယ့်လည်း ရင်ဘတ်ချင်းတွေ နီးစပ်မှုရှိခဲ့ကြတဲ့အတွက် ဘယ်တော့မှဝေးမသွားခဲ့ဘူးဆိုတာ ကိုကိုရယ် ညီမလေးရယ်က အသိဆုံးတွေမဟုတ်ပါလား။

ညီမလေးရဲ့မွေးနေ့လေးမှာ ကိုကိုနဲ့အတူရှိနေခဲ့ချင်ပေမယ့် အခြေအနေတွေရဲ့ တားဆီးဟန့်ထားမှုတွေကြောင့် စိတ်ကူးလေးတွေနဲ့သာ ပျော်ရွှင်မှုတွေက အနှိုင်းအဆမဲ့ပေါ့။ ညီမလေးအတွက် မွေးနေ့လေးမတိုင်မီအချိန်မှာ ဆုတောင်းစာလေးတွေနဲ့အတူ အစိမ်းရောင်တွေ လွင့်ပြယ်နေသော ရတနာတစ်ပါးက ရောက်ရှိလို့လာခဲ့ပြန် တော့ အတိုင်းထက်အလွန် ပီတိတွေနဲ့ဖြစ်ခဲ့ရပြန်ပြီပေါ့။

မှတ်မှတ်ရရပေါ့..ဇွန်လရဲ့မိုးစက်တွေကလည်း ညီမလေးရဲ့အပေါ်ကို ကောင်းခြင်းတွေအဖြာဖြာ ကျရောက်လို့ လာခဲ့ပြန်တယ်လေ။ အဲ့ဒီနေ့လေးက သံဃာတော်ကို ဆွမ်းကပ်လှူခဲ့ပြန်ပါတယ်။ ကိုကို့ရဲ့ အမှာတော်တစ်ခု ဖြစ်တဲ့ အနန္တောအနန္တငါးပါးထဲက လက်ဦးဆရာဖြစ်တဲ့ မိဘတွေကိုလည်း ကန်တော့ခဲ့ရသေးတာပေါ့။
ညီမလေးရဲ့မွေးနေ့လေးမှာ မှတ်မှတ်ရရဆိုသလိုပါပဲ တစ်နေ့လုံး ချိုသာတဲ့အသံလေးတောင် မကြားခဲ့ရပါဘူး။ အပြန်အလှန်နားလည်မှုတွေနဲ့အတူ သီးခြားမေတ္တာကမ္ဘာလေးထဲမှာဘဲ ပျော်ဝင်နေခဲ့လို့ပေါ့။ ကိုကိုနဲ့ညီမလေး တို့ ဟိုးအဝေးကြီးမှာ ဝေးနေကြရပေမယ့် အရာရာအားလုံးကို သိမြင်နိုင်စွမ်းတဲ့ အရာကတော့ မေတ္တာတစ်ခု ပါပဲလေ။
အောက်တိုဘာမှာ ကျရောက်လာမယ့် ကိုကို့ရဲ့မွေးနေ့အတွက် ဘာတွေများလုပ်ပေးရမည်လဲလို့ အတွေးတွေက တပုံတပင်နဲ့ပါပဲ။ အဲ့ဒီနေ့လေးမှာ ကိုကိုလည်း ညီမလေးနဲ့အတူတူ ရှိနေချင်မယ်ဆိုတာ မပြောဘဲလည်းအသိ ပြောလည်းပဲ မေတ္တာအတိတို့နဲ့ပါလားနော်။

ညီမလေးလည်း အမြဲတမ်းရှိနေချင်ခဲ့သလို မွေးနေ့ရက်မြတ်လေးအတွက် ထူးဆန်းအံ့သြဖွယ်ရာလေးတွေလည်း လုပ်ပေးချင်ခဲ့မိပြန်တယ်လေ။ သီတင်းကျွတ်တဲ့ရာသီလေးနဲ့အတူ မွေးနေ့ရက်မြတ်လေးကလည်း ရောင်စုံမီး လေးတွေနဲ့အပြိုင် လှနေမယ့်အဖြစ်လေးကို ညီမလေး မြင်ယောင်နေမိပါတယ်လေ။
အဝေးတစ်နေရာကကိုကိုလည်း ဒီစာမျက်နှာထက်ကနေ သိနိုင်ပါစေနော်။ အောက်တိုဘာမှာ ကျရောက်လာ တော့မယ့် မွေးနေ့ရက်မြတ်လေးမှာ ကိုကိုနဲ့အတူ ညီမလေးလည်း ပျော်ရွှင်စွာနဲ့ဖြတ်သန်းလိုက်ရအောင်နော်။ အနာဂါတ်ရဲ့ လမ်းသစ်တွေထဲမှာလည်း နှစ်ယောက်အတူ ဖေးမကူလို့ ဆူးခယောင်းလမ်းတွေကိုလည်း ကျော်ဖြတ်သွားကြမယ်နော်။
အတိုင်းအဆမရှိ၊ အနှိုင်းအဆမဲ့တဲ့ နားလည်မှုတွေဝန်းရံကာထားခဲ့ကြတဲ့ မေတ္တာတော်တွေရဲ့အောက်မှာ ကိုကိုနဲ့ ညီမလေးတို့က သက်ဝင်စီးမျောနေကြလို့ပေါ့။ ပေးအပ်သူတို့ရဲ့မေတ္တာ၊ ခံယူသူတို့ရဲ့ အသွားအပြန် လမ်းတွေမှာ၊ အနံအလျားတွေမရှိဘဲ ချစ်မေတ္တာတွေ ခိုင်မြဲနေကြပါစေနော်။ တစ်ချိန်ချိန်မှာ ဆုံတွေ့ကြရရင် ဒီစာမျက်နှာထက်က ပျော်ရွှင်မှုတွေအားလုံးကို ဖန်တီးကြမယ်နော်။ 


မမုန်းသောအချစ်၊ အပြုံးတော နှင်းစက်တွေရဲ့အောက်မှာ ရောင်ခြည်တန်းလေးနဲ့အပြိုင် ကျရောက်လာတော့မယ့် အောက်တိုဘာရဲ့ မွေးနေ့ရှင်လေး ကိုကို့ကို ညီမလေးရဲ့သ၀ဏ်လွှာနဲ့အတူ နွေးထွေးခြင်းတွေအပြိုင် မေတ္တာတွေခိုင်မာစွာနဲ့ ကြိုဆိုပန်းကလေးတွေ ပေးပို့လိုက်ပါ့မယ်နော်။ အပြုံးစက်စက်၊ မမုန်းရက်ခဲ့တဲ့ လမင်းနဲ့အပြိုင်၊ ကမ်းလင့်လို့ ကြိုနေလိုက်ပါတော့နော်။


နေခြည်သစ်နွယ်(ပြည်)

2 comments:

အိမ့်မှူးသော် said...

သူငယ်ချင်း က ကျွန်တော်နဲ့အဖြစ်တူတယ်နော်...

ယောကျာင်္းလေးနဲ့ မိန်းကလေးပဲ ကွဲသွားတာ...

ဝေးနေတာချင်းကအတူတူပါပဲ......

သူငယ်ချင်းရဲ့ကိုကိုနဲ့အမြန်ဆုံးနီးစပ်နိုင်ပြီး....

ပျော်ရွှင်ဖွယ်ရာ ဘဝလေးတစ်ခု တည်ဆောက်နိုင်ပါစေ...

နေခြည်သစ်နွယ် said...

ကျေးဇူးတင်ပါတယ်သူငယ်ချင်းရေ
လာလည်တဲ့အတွက်ရော ဆုတောင်းပေးတဲ့အတွက်ပါ
ဟုတ်တယ်နော်
သူငယ်ချင်းရဲ့ စာလေးကိုဖတ်ပြီး မျက်ရည်တွေတောင်ဝဲခဲ့ရတဲ့အဖြစ်မျိုးလေ
သူငယ်ချင်းလည်း ထပ်တူဖြစ်ပါစေနော်။