Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, September 6, 2012

“တောင်ပေါ်သားရဲ့..အလွမ်း”

တောင်တန်းတွေရဲ့ ခြေလှမ်း

ခပ်စိပ်စိပ်လေး အရောက်လှမ်း

မနောမြေရဲ့ ချစ်မှတ်တမ်း။


တောင်တန်းတွေရဲ့ သက်သေ

နှလုံးသားရဲ့ ပင်စည်ခြေ

ရစ်ပတ်နွယ် မိုးလုံးမှိုင်းခဲ့ပေ..။
 
တောင်ဇလပ်ပန်းတွေ ပွင့်ဝေ

နှင်းမိုးတွေ ဆွေနေ

သွေသွေလေး ဖယ်ခွါခဲ့ပြီမေ…။


မြေပြန့်ဌာနေ အလွမ်း

တောင်တန်းမြေ အမှတ်ရစတမ်း

မျှော်မှန်းကာနေ တမ်းတလွမ်းပါသလေ..။

 
စိမ်းစိုတဲ့ မနောမြေ

တောင်ဇလပ်တို့ ဒီဌာနေ

ရှောင်ဖယ်လို့ ပစ်သွားရက်သူမေ…။


ချယ်ရီနဲ့ ပိတောက်ခင်

လျှောက်တင်ရန် မလိုပင်

မောင့်ချစ်သူကြင်..မေတစ်ယောက်တည်းပင်…။


မနောသက်သေ တောင်ဇလပ်ဝေ

အလွမ်း..ချစ်ရနံ့တွေ

မှိုင်းပြာရီဝေ တောင်တန်းတွေ

ငံ့လင့်ဆိုင်းကာ ရှည်ကြာလေ

မောင်လည်းမျှော်နေ တောင်ပေါ်မြေ

ချစ်သူမေအတွက် ကြိုကာနေ..။


နေခြည်သစ်နွယ်(ပြည်)

No comments: