ကလကာ နောက်ကွယ်မှာ
ဇာပုဝါလေးနဲ့ ဖုံးအုပ်စေတယ်
လုံခြုံစေတဲ့ ရည်ရွယ်ချက်နဲ့ပေါ့…။
မရည်ရွယ်တာတွေ..ဖြစ်လာတော့
ညင်ညင်သာ ဆောင်ကြဉ်းရတယ်
အမှောင်တွင်းကျတဲ့ စိတ်တွေက
ဖြေသိမ့်ကာ တွေးလိုက်ရတယ်
မှေးမှိန်တဲ့ အချစ်တွေက
မနှစ်တစ်နှစ်ကလိုပါပဲ…..
အရစ်ကျနဲ့ ချစ်နေရသလို
ပစ်ပစ်ခါခါ ပြောမထွက်ရက်တယ်
ရက်စက်သူ..သူ့အချစ်တွေက
ရစ်ပတ်စရာ..နွယ်ပင်လို
တွယ်ငင်ကာ ချစ်ချင်လာတော့
အပြစ်တင်စရာ မရှိတယ်
ချစ်ချင်တာပဲ..ဖြစ်လာပြန်တာပေါ့….။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment