Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, November 24, 2012

“သားငယ်လေး ထက်မြက်မောင်အတွက် တီတီလေးရဲ့ပေးစာ”

တီတီလေးသိပ်ချစ်ရတဲ့ သားငယ်လေးရေ…တီတီလေး သတိရနေပါတယ်နော်၊ သားငယ်လေးရော နေကောင်းတယ်မဟုတ်လား ဟင်…လောကကြီးထဲမှာ မထင်မှတ်ဘဲ သားငယ်လေးနဲ့ တွေ့ဆုံခင်မင်ခွင့်ရခဲ့တယ်နော်..တီတီလေးကို မုန့်တွေဝယ်ကျွေးခိုင်း တဲ့အခါ ငုံးဥပြုတ်ကိုပဲစားမယ်ဆိုတဲ့ သားငယ်လေးရေ..အရမ်းသတိရပါတယ်နော်…စားသောက်ပြီးတဲ့ အမှိုက်လေးတွေကို အမှိုက်ပုံးလေးထဲကို စနစ်တကျနဲ့ “တီတီလေး…သားသား သွားပစ်မယ်ဆိုပြီး” ပြောခဲ့တဲ့ သားငယ်လေးရဲ့ ချစ်စဖွယ်အသံလေး တွေကို တီတီလေးအမြဲအမှတ်ရနေမိပါတယ်…သားငယ်လေးအိပ်ချင်လာတဲ့အခါ တီတီလေးက ပုခက်လေးလွှဲပြီး ချော့သိပ်ခဲ့တာ တွေရယ်…အိပ်ယာကနိုးလာတဲ့အခါ မှုံပြပြမျက်နှာလေးနဲ့ သားငယ်လေးရဲ့ ၀င်းပတဲ့မျက်နှာလေးက သိပ်ချစ်စရာကောင်း တယ်နော်…သားငယ်လေးနဲ့အတူ အတူတူရိုက်ကူးထားတဲ့ ဓါတ်ပုံလေးကိုကြည့်တိုင်း တီတီလေး အရမ်းလွမ်းရပါတယ်… ဖုန်းပြောတဲ့အခါ “တီတီလေး…သားသားတို့ဆီကို လာခဲ့အုံးလေ၊ ပြီးတော့ ငုံးဥတွေလည်းဝယ်ခဲ့နော်..တီတီလေး နေကောင်းလား လို့”မေးခဲ့တဲ့ (၃)နှစ်ဆိုတဲ့အရွယ်နဲ့မလိုက်အောင် စကားတတ်လွန်းတဲ့ သားငယ်လေးကို တီတီလေး မေ့မရပါဘူး…

သားငယ်လေးရဲ့ မေမေနဲ့ဖေဖေ လယ်ထဲကိုဆင်းသွားတာ ဘာဖြစ်လို့များလိုက်သွားရတာလဲကွယ်…နေကောင်းအောင် ဂရုစိုက်ပါနော်…သားငယ်လေးရေ…သားငယ်လေးအရွယ်ရောက်လာတဲ့အခါ တီတီလေးကို မှတ်မိနိုင်ပါအုံးမလားလို့ တွေးနေ မိတယ်..အရမ်းချစ်စရာကောင်းတဲ့ကလေးလေး…ကျန်းမာပျော်ရွှင်ပါစေ…တီတီလေးကိုလည်း သတိရနော်… အတူတူဆော့ကစား ခဲ့တဲ့နေ့တွေဟာ တီတီလေးအတွက် မမေ့နိုင်တဲ့အမှတ်တရတွေလေ…အစားစားချင်တဲ့အခါ မရမက လိုချင်တာကိုရမှ ကျေနပ်တဲ့ကလေးလေးပဲလေ..လိုချင်တဲ့ပစ္စည်းကိုရတဲ့အခါ..ပြုံးရွှင်နေတတ်ပြီး ၀င်ပတဲ့မျက်နှာလေးနဲ့…“တီတီလေးလည်း စားအုံးလေ”ဆိုပြီး ပြောဆိုခဲ့တဲ့ အမူအရာလေးတွေကိုလည်း တီတီလေးက အမှတ်တရသိမ်းထားပါတယ်နော်…။
အချိန်တွေ..ရာသီတွေ ပြောင်းလဲနေပေမယ့်…တီတီလေးသိပ်ချစ်ရတဲ့…သားငယ်လေး ထက်မြက်မောင်ကို ထာဝရသတိရ နေမှာပါနော်…မိသားစုနဲ့ထပ်တူ ပျော်ရွှင်နိုင်ပြီး…ကျန်းမာခြင်းသုခတွေနဲ့ ပြည့်စုံပါစေနော်…လျှောက်ရမယ့် အနာဂါတ်လမ်းတွေမှာ လှပဖြောင့်ဖြူးလို့…လိမ္မာထူးချွန်ထက်မြက်ပြီး..လူတော်လူကောင်းတစ်ယောက်ဖြစ်လာပါစေလို့…တီတီလေးက ဆုမွန်ကောင်း တောင်းရင်းဖြင့်….တီတီလေးရဲ့စာလေးကို နှုတ်ဆက်လိုက်တယ်နော်…သားငယ်လေး အရွယ်ရောက်လာလို့…စာတွေဖတ်တတ် လာခဲ့တဲ့တစ်ချိန်ကြရင် ဟောဒီအင်တာနက်စာမျက်နှာလေးပေါ်က..တီတီလေးရဲ့ဆုတောင်းသတိတရစာလေးကို ဖတ်ရှုရင်းဖြင့်… သားငယ်လေး ပျော်ရွှင်ဝမ်းမြောက်နိုင်ပါစေနော်….။

No comments: