Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, November 24, 2012

“နှစ်တစ်ရာတိုင်တည်မြဲစေချင်”



အချိန်တွေနဲ့ နေရာ

ဒေသတွေလည်း လွဲနေတယ်

အမြဲမနေတဲ့ ကံတရားတွေက

ခံစားချက်ထပ်တူတွေနဲ့

ပြန်ရခက်ခက် အချစ်တွေက

မနှစ်ကလို စစ်ဖြစ်နေကြရင်

ချစ်ကြင်နာခြင်းတွေလည်း ဝေးခဲ့ပြီလေ…

အတွေးသမားတစ်ယောက်ရဲ့ ရင်ခုန်သံ

မင်းယုံရင် ဆုံချင်သေးတယ်

မကြုံချင်တော့တဲ့ အလွမ်းတွေက

တမ်းတရခက်တဲ့…အချစ်တွေလို

စစ်ဖြစ်မှာကို စိုးတယ်…

အကျိုးတူသာ ပူးပေါင်းမယ်ဆိုရင်

ဆူးခယောင်းလမ်းလည်း လျှောက်ရဲတယ်

မဖောက်လွဲတဲ့ သစ္စာတွေက..

ချစ်မေတ္တာတရားတွေမှာ…

ခေတ်အခါခါက ကျောက်စာတွေလို

ရောက်လေရာမှာ ဖတ်ခွင့်ရှိနိုင်ပါသေးတယ်…။


အမှတ်မရှိတဲ့ အသဲ(သည်း)ဆိုတာ

လွဲဖို့ပဲဖြစ်လာပြန်တယ်..

နှစ်တစ်ရာပြန်လည် တမ်းတမိရင်

လွမ်းရတဲ့ ညဥ့်နက်ငှက်တွေဟာ

အချစ်သစ်မှာ ပျော်နေပြန်တော့

မျှော်ပြန်လည်း အလွမ်းသာ

တမ်းတခဲ့ရတာ စာမျက်နှာ

တစ်ခါတစ်လေများ ကျပြန်တော့

အခါခါသာ ပြန်တွေး.. ထပ်မဝေးတဲ့ အချစ်တွေက

နှစ်တစ်ရာတိုင် တည်စေချင်……။


နေခြည်သစ်နွယ်(ပြည်)

No comments: