Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, December 8, 2012

“မင်း”



ခေါ်သံတွေကြားတဲ့အခါ

လှည့်ကြည့်မိတယ်

ပဲ့တင်ထပ်နေတဲ့…ငါ့နာမည်တွေဟာ

တကယ်တော့လည်း…

ငါ့ရဲ့မသိစိတ်တွေပါ…..။

အကြိမ်ကြိမ်ဖြေနေမိတယ်

မင်းများမေးနေသလားလို့

တကယ်တော့လည်း…

ငါ့ရဲ့မသိစိတ်တွေက…ဖြေခဲ့မိတာပါ။


မျက်ရည်တွေလည်း ကျနေတယ်

ပါးပြင်ပေါ် စီးကျလာတဲ့အခါ

တကယ်တော့လည်း…

ငါ့ရင်ထဲမှာငိုနေတာမသိခဲ့လို့ပါ။

ငါ့နှုတ်ခမ်းဖျားက…

စကားလေးတစ်ခွန်း ထွက်သွားမိတယ်

“ချစ်တယ်”…တဲ့

တကယ်တော့လည်း…

ငါ့ရဲ့မသိစိတ်တွေမှာ

မင်းကိုလွမ်းနေမိခဲ့လို့ပါ။


နေခြည်သစ်နွယ်(ပြည်)

No comments: