ကုန်ဆုံးသွားခဲ့တဲ့ အချိန်တွေက
နေ့ရက်တိုင်းမှာ ပြန်တမ်းတခွင့်မရတာ
ဒါ…အတိတ်တဲ့လား…။
ငိုရှိုက်ခဲ့တဲ့ မျက်ရည်တွေက
အပြုံးတွေနဲ့ အစားထိုးမရတာ
ဒါ…မှားပြန်သတဲ့လား…။
တမ်းတချင်တယ် အရိပ်တွေကိုပဲ…
ဖြေသိမ့်စေခဲ့တယ်…အလွမ်းတွေကိုပဲ..
ရက်..လ…နှစ်တွေပြောင်း..
အတိတ်တွေကမဟောင်းသေးဘူး
ပြောင်းလဲတဲ့နေ့ရက်တွေအစား
မဟောင်းသေးတဲ့ အချစ်တွေက
နှစ်တွေကြာပါစေ…မေ့မရသေးလို့တဲ့လား…။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment