Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, December 17, 2012

“အမှတ်မထင်”



“အမှတ်မထင်”

ငါ၏ခန္ဓာ အကျွန်ုပ်သည်

ငါပဲသမုဒ် ငါပဲဟုတ်သည်

ငါလည်းပဲထင် ငါပဲဖြစ်သည်

မရှုခန္ဓာ ဤဘ၀မှာ…။

ငါပဲသူပဲ ခွဲခြားတတ်သည်

ခန္ဓာရုပ်နာမ် မကွဲပြားပြီ

အလွဲမှားပြီ ဤဘ၀တွင်…။

အရေလည်းဖုံး မပျက်သုဉ်းသော်

အစွဲမှတ်ထင် ငါပြင်သည်ဟု

ရေးကြောင်းမထင် ဇရာတွင်သည်

ငါပဲငြင်းသည် ဤခန္ဓာတွင်…။


မရှိလည်းပဲ ရှိအစွဲမှတ်

ဖြစ်မြဲခန္ဓာ ဤဘ၀မှာ

ကျင့်ကြံကြိုးကုတ် အားထုတ်ပြုသော်

တစ်ပြားမယုတ် ကျားကုတ်ကျင့်သော်

ဖြစ်ပျက်မြင်တယ် ဤခန္ဓာဝယ်

မမြဲနိစ္စ ပေါ်လာခုကွယ်

အမှတ်သတိ မပြတ်လင့်နှင့်

ငါ့စိတ်ငါ့ကိုယ် မရှိပါကား…

သူ့သဘောသာ ဖြစ်စေသတည်း…။


နေခြည်သစ်နွယ်(ပြည်)

No comments: