Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, December 17, 2012

“ကျောင်းဖွင့်ချိန်”



“ကျောင်းဖွင့်ချိန်”

ကျောင်းဖွင့်ပြီပေါ့

ငါရပ်စောင့်နေ ကျောင်းထိပ်နားမှာ …။

နင်တစ်ယောက်ကို

အတန်းသွားဖို့ အတူတူပေါ့….။

အခန်းဝမှာ နင်ရပ်နေတယ်

ငါ့ကိုစောင့်လို့ အတူတူဝင်……။

စာသင်ခန်းထဲ နှစ်ယောက်အတူ

ထိုင်ကာအတူပျော်နေ…..။

စာသင်နေချိန် နင့်မျက်နှာလေး

ငါခိုးကြည့်နေ တစိမ့်စိမ့်လေ

နင်မသိစေ…ငါချစ်တယ်လေ….။


ကျောင်ဆင်းချိန်ပြန် ကန်(မ်)တင်းထိုင်ရန်

နင်စပြောတယ် အတူတူသွားမယ်….။

စကားတွေဖောင် ယောင်တောင်တောင်

ရှက်စနိုးကြည့် ငါသိမိသည်

ကျောင်းဖွင့်ချိန်က ဒဏ္ဍာရီ…..။


နေခြည်သစ်နွယ်(ပြည်)

No comments: