Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, December 18, 2012

“အတွေး…”



“အတွေး…”

အေးချမ်းဆောင်းရိပ် လမိုက်ည၀ယ်

ဟိုဒီတွေးတော ငေးမာကြည့်တယ်

ကောင်းကင်ပြင်ကျယ်ဝယ်…..။

တိမ်ညိုဖုံးလွှမ်း အမှောင်လမ်းထဲ

လျှောက်သွားချင်တယ်..တစ်ယောက်တည်းကွယ်။


ကြယ်တွေစုံလှ မြူတွေခလည်း

စိတ်ရင်တွင်းဝယ် ပူလောင်မှုများ

ခံစားချက်စိတ် တရိပ်ရိပ်နှင့်

မြေပြင်ကျယ်ဝယ်..ခေါင်းငိုက်စိုက်ကျတယ်…။

အတွေးစိုးထိတ် ချစ်သူ့ရိပ်ဝယ်

နားခိုမှေးစက် အိပ်ပျက်ညလည်း

သစ္စာမယွင်း…ချစ်ခြင်းတွေဖွဲ့မယ်…။


နေခြည်သစ်နွယ်(ပြည်)

No comments: