Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, December 18, 2012

“သူ့သဘော”



“သူ့သဘော”

မူလနှစ်ဖြာ၊ သစ္စာနှစ်ခု

အစပြု၍…ထူထောင်သမာဓိ..။

အမှတ်သတိ၊ ရှုပါနာမ်သိ

ခန္ဓာမြင်အောင်ကြည်…။

ရှုရှိုက်မပြတ်၊ သတိနှင့်ကပ်

ငါဘယ်မရှိ၊ ပိုင်းခြားကြည့်မြင်

ရုပ်နာမ်နှစ်ခု လွန်ပေါ်ထင်….။

ရှုပါမှတ်ပါ၊ အကြိမ်ကြိမ်ခါ

ဥာဏ်မျက်စိ၊ အမှတ်သတိဖြင့်သာ…။


ဖြစ်ပေါ်လာတာ၊ ထိုနာမ်ရုပ်

ငါမဟုတ်…သူ့သဘောတိုင်းသာ…။

ထုံကျင်အေးခဲ၊ ပူပြန်လည်း

မမြဲနိစ္စ ဖြစ်ပျက်တာ…။

ဒုက္ခငြိမ်းစိတ် ကျင့်ကြံထိပ်

ဝိပဿနာရဲ့စိတ်….။


နေခြည်သစ်နွယ်(ပြည်)

No comments: