Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, December 4, 2012

“မင်းအတွက်ပေါ့...”

တစ်ချိန်က လသာညတွေမှာ
နှစ်ယောက်အတူ လျှောက်ခဲ့ဖူးတယ်
နှစ်ဦးသားလက်ချင်းယှက်လို့
နွေးထွေးစေခဲ့တယ်...။
ရင်ခုန်ခဲ့တဲ့ လသာညတွေဟာ
ခုတော့လည်း ဟောင်းသွားခဲ့ပြီ
ပြောင်းသွားတဲ့ ..နေ့ရက်လေးတွေမှာ
ငါတစ်ယောက်တည်း...
လျှောက်မြဲပဲလျှောက်ရတော့မယ်
ပေါက်ပေါက်ရှာရှာ စကားတွေလည်း..ပြောတတ်ခဲ့တယ်
နှောက်ယှက်တယ်လို့..ထင်ခဲ့မိတာတွေက
ပျောက်ဆုံးညတွေကို...ခေါ်ဆောင်ခဲ့ပြီ။
စိတ်ကူးနဲ့အတူ မှန်းရည်
လှမ်းချီနေကြတဲ့....တို့ခြေလှမ်းတွေ
အားအင်တွေအပြည့်နဲ့ပေါ့...။
အမှားတွေမရှိခဲ့တဲ့...ညလေးတစ်ညမှာ
အလှပဆုံး အိပ်မက်တွေက
ခမ်းခမ်းနားနားဖြစ်နေခဲ့တယ်...။
အလွမ်းရဆုံး နေ့ရက်တွေဟာ
မေ့မရတဲ့ အနမ်းတွေကို...တမ်းတစေတယ်
ခမ်းခမ်းနားနားမဟုတ်ပေမယ့်
လွမ်းတသသဖြစ်နေဆဲကွယ်
ခန့်မှန်းရခက်တဲ့...ကံကြမ္မာတွေကြောင့်
မိုင်ပေါင်းတွေ ကွာဝေးခဲ့ရတယ်။
တစ်ခါကမေးတဲ့ မေးခွန်းတွေဟာ
အတွေးဝင်ရိုးစွန်းထဲက မျက်ရည်တွေလို
ငါတို့နှစ်ဦးမှာ စွန်းကျန်ရစ်
မခြွင်းချန်ရစ်ခဲ့တဲ့...ညလေးဟာ
ခုတော့လည်း ကွယ်ပျောက်သွားခဲ့ပါပြီ..။
လမင်းသာသောညရဲ့
ကောင်းကင်ရဲ့ မြေတလင်းမှာ
အကြင်နာချစ်ခြင်းတွေနဲ့
ခင်မင်စရာသူငယ်ချင်းတွေက
ငါ့ကို ဖေးကူနေခဲ့တယ်
အပေးအယူမမျှတတဲ့...
မေတ္တာတရားရဲ့ နောက်ကွယ်များမှာ
တစ်ခေါက်တစ်ခါတော့ လှည့်ကြည့်စေချင်မိတယ်
အသဲ(သည်း)တံခါးလေးလည်း ဖွင့်လှစ်ထားတယ်
ချစ်ခြင်းရဲ့ တစ်နေရာမှာ...
မင်းအတွက်ပေါ့.....။



နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: