Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, December 6, 2012

“ကျေးဇူးပါ…သခင်”

နံနက်ခင်း တရေးနိုးလို့
အိမ်ရှေ့ဝရံတာကို မျှော်ကြည့်မိတဲ့အခါ
နှင်းဝေတဲ့ ဒီဇင်ဘာဆောင်းက
နံနက်ခင်းကို ကြိုဆိုခဲ့တယ်…။
ငှက်ကလေးတွေ တေးဆိုနေတဲ့အခါ
သံစဉ်အဟောင်းတစ်ပုဒ်က…
နားထဲမှာ ပျံ့လွင့်လာတယ်
အငမ်းမရတဲ့ အလွမ်းတွေက
ရင်ဘတ်တစ်ခုမှ နှုတ်ဆိပ်လို့စွံ့အသွားတယ်
ခုတော့လည်း….သြော်….
တစ်ချိန်ကသီချင်းလေးတစ်ပုဒ်
ဒီဇင်ဘာဆောင်းမနက်ခင်းမှာ
မထင်မှတ်ဘဲ ပေါ်လာ
သြော်…..မေ့လို့မရခဲ့ပါလားနော်……။ အလွမ်းတွေကို မေ့ထားခဲ့တယ်
ဆောင်းဦးရဲ့ မြောက်ပြန်လေညင်းနဲ့အတူ
သံစဉ်တွေက….
ရင်ခွင်တစ်ခုထံ ဆောင်ကြဉ်းပေးလာပြန်တော့
အမှောင်မခွင်းသေးတဲ့…အလင်းတန်းတွေက
တောက်ပစွာနဲ့ ပြုံးတတ်လာခဲ့ပြီ…
ကျေးဇူးပါပဲ…သခင်
နံနက်ခင်းအတွက်… ချိုတေးသံသာနဲ့အတူ
ချိုမြတဲ့အလွမ်းတစ်ချို့ကို….ပေးခဲ့ပေလို့ပေါ့….။

နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: