Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, November 10, 2012

“ချစ်မမအတွက်…နေခြည်လေးရဲ့ပေးစာ”

နေခြည်လေးရဲ့ သိပ်ချစ်ရသောမမရေ၊ ညလေးရေလို့ တစ်မျိုး..နေခြည်လေးရေလို့ တစ်ဖုံ အေးချမ်းတဲ့အသံလေးနဲ့ ခေါ်ဝေါ်ခဲ့တယ်နော်။ ဟိုးအတိတ်ကရေစက်တွေရယ်ကြောင့် ဆုံတွေ့လာခဲ့ရတဲ့ အကြောင်းတွေဟာ ထူးဆန်းအံ့သြဖွယ်ကောင်း လှသလို..မထူးဆန်းလွန်းတဲ့ သဘောတရားတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်နော်။ (၃၁)ရက်နေ့ရဲ့ ညမိုက်မှာ ခရီးဦးစတင်ထွက် ခဲ့ရပြီ…အနာဂါတ်အတွက် စာမေးပွဲတစ်ခုကို ဖြေဆိုဖို့ဆိုပေမယ့်..မမကိုပြောခဲ့တဲ့အတိုင်းပါပဲ..သိပ်ချစ်တဲ့မမကို တွေ့ချင်မြင်ချင်ရ တဲ့အကြောင်းလေးက ထိပ်ဆုံးကဖြစ်နေခဲ့ပါပြီ….။
နေပြည်တော်ရဲ့ခရီးစဉ်ဟာ ကြမ်းတမ်းပါတယ်…တောင်ပေါ်ရိုးမပတ်လမ်းတစ်လျှောက်မှာ တိတ်ဆိပ်လွန်းတဲ့ ခရီးသည်တွေရဲ့ ကြားမှာ..ယာဉ်တစ်စီးရဲ့မောင်းနှင်သံကလွဲလို့ ဘာမျှမကြားခဲ့ရပါဘူး…ခရီးသွားဖော်ရဲ့ ဆိုးလွန်းတဲ့အနံ့ခပ်ပြင်းပြင်းတွေကြောင့် တစ်နေ့လုံး ခရီးသွားဖို့ရာဖြစ်နေပေမယ့် လုပ်ငန်းခွင်မှ ညနေ(၆)နာရီအပြန် ကသောကမျောဖြင့် အသင့်စီးလိုက်လာခဲ့ရတဲ့အဖြစ် တွေကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရရှိခဲ့ရတာပေါ့….။
ဖေးကူသူမရှိတဲ့ ယာဉ်တစ်စီးပေါ်မှာ…တောင့်တမိပါတယ်..အားငယ်မှုတွေနဲ့အတူ ရောက်ချင်လှတဲ့ ခရီးတစ်ခုကို အမြန်ဆုံး ရောက်ရှိနိုင်ပါစေ..တွေ့မြင်ရတော့မယ့် မမရဲ့အပြုံးတွေကိုမြင်ယောင်ရင်း ဝေဒနာတွေကို ကြိတ်မှိတ်ခံစားလာခဲ့ရင်း မနက်(၄)နာရီ ထိုးလို့သွားခဲ့ပါပြီ…ခရီးသည်တွေရဲ့ နိုးကြားလာမှုတွေနဲ့အတူ…မမရဲ့ စိုးရိမ်လှတဲ့ ခရီးဦးကြိုဆိုမှုလေးကို စတင်ခံစားရရှိလိုက်ရပါပြီ…အေးစက်လှတဲ့ ဆောင်းဦးမနက်ရီဝေေ၀လေးမှာ မမရဲ့ဖုန်းမြည်သံလေးနဲ့အတူ ခရီးဦးအကြိုတော် ထောက်လာမယ့်မိတ်ဆွေတွေကိုတွေးရင်းဖြင့် ပျော်နေခဲ့ရပါပြီ…။

လမ်းခရီးသွားရင် မအိပ်တတ်တဲ့ နေခြည်လေး နုန်းချိနေတဲ့မျက်နှာအမူအရာနဲ့ မမကိုတွေ့ချင်စိတ်တွေက ဆန္ဒတွေပြည့်ဝလာခဲ့ ပါပြီ…၊ လှေကားထစ်ကနေ အထုပ်လေးဆွဲကာ ဆီးကြိုလာတဲ့မမကိုကြည့်ရင်း ၀မ်းနဲဝမ်းသာဖြစ်ခဲ့ရသည်..မမရဲ့ ညလေးအရင်း တစ်ယောက်လို နွေးထွေးစွာအိပ်စက်စေခဲ့ပြီး…စားဖွယ်တွေကို ပြုလုပ်နေခဲ့တဲ့မမရဲ့အသံတွေကို နားစွင့်ရင်း..မိုးလင်းလို့သွားခဲ့ပြန် ပါပြီ….။ သိပ်ချစ်စရာကောင်းတဲ့မမ… မနက်စောစော (၅)နာရီထိုးမှာ တရားတွေကိုဖွင့်ရင်း အိပ်ယာထဲကနေ တရားနာယူနေတတ် သူ၊ တရားတော်တွေနာပြီးတဲ့အခါ ရွတ်ဖတ်နေကျ မဟာပဋ္ဌာန်းကို ရွတ်ဆိုပူဇော်ခဲ့တယ်လေ၊ မနက်(၆)နာရီထိုးတဲ့အခါ နေခြည်လေးကို နှိုးတတ်ပြီး…ညလေး အိပ်ရေးဝရဲ့လားလို့မေးတတ်ခဲ့ပါတယ်…အိပ်ယာနေရာပြောင်းရင် မအိပ်တတ်တဲ့ နေခြည်လေးက ညဘက်တွေဆို မမအိပ်ပျော်တဲ့အချိန်တွေမှာ အိပ်မပျော်တတ်ခဲ့ဘူးလေ…။
ရုံးသွားကာနီးအချိန် မနက်(၈)နာရီထိုးချိန်ဆို မမနဲ့ ညလေးတို့ ထမင်းတူတူစားခဲ့ကြတယ်..ထမင်းစားပြီးမှ ရေချိုးတတ်တဲ့မမက အများကြီးပိုစားတယ်...နေခြည်လေးထက် ပိုပြီးစားနိုင်ခဲ့တယ်…ထမင်းစားကာနီးရင် မမအတွက် ဝေယျာဝစ္စလုပ်ပေးခဲ့ရလို့ ကျေနပ်နေခဲ့ရတယ်…တစ်ညမှာပေါ့.. ထမင်းတူတူစားပြီးချိန်..ပန်းကန်တွေကို နေခြည်လေးဆေးလိုက်မယ်ဆိုတော့..မမက တကယ်လားဆိုပြီး…အပြုံးလေးနဲ့ပြောခဲ့တာကို မှတ်မိပါသေးတယ်…ရုံးသွားကာနီးရင် Day creamလေးကို ပါးပါးလေးလူးပြီး… သနပ်ခါးပါးကွက်ပါးပါးလေးကို ခြစ်ကာ..မက်စကာရာကို မျက်တောင်လေးတွေပေါ်တင်လို့..ပန်းရင့်ရောင်နှုတ်ခမ်းနီလေးဆိုးတတ် တဲ့မမ…ယူနီဖောင်းလေးကို စမတ်ကျစွာဝတ်ဆင်ပြီး..မမရုံးသွားပြီပေါ့….။
စာမေးပွဲဖြေဖို့ရက်ကနီးလာပြီလေ..ဖြေတော့မယ့်ရက်တွေမှာ မနက်စောစော မနက်စာကို မမက ချက်ပြုတ်ပေးခဲ့တယ်…နေ့လယ် စာမေးပွဲပြီးတဲ့အချိန်မှာ နေခြည်လေးကို လာကြိုလို့…စာသင်ဆောင်အပေါ်ထပ်ရဲ့ အခန်း(၁)မှာဖြေဆိုရတဲ့ နေခြည်လေးက အခန်းထဲကနေ လှမ်းမြင်နေရတယ်လေ…ကရင်လုံချည်အ၀ါ၊ အနီဝမ်းဆက်လေးကို (၂)ရက်ဆက်တိုက်ဝတ်လာပြီး တစ်နေ့က တော့ နေကာမျက်မှန်အကြည်လေးကိုဝတ်လာခဲ့သေးတယ်…ဖြူဝင်းနေတဲ့ မမရဲ့အသားအရေနဲ့ လိုက်ဖက်လွန်းတဲ့ နှုတ်ခမ်းနီပန်းရင့်ရောင်လေးကလည်း အထင်းသားပေါ့…စမတ်ကျတဲ့ ချစ်မမကို အပြုံးတွေနဲ့ မြင်လိုက်ရတယ်လေ.. ဆိုင်ကယ် ပေါ်မှာ နှစ်ဦးသား စကားတွေ တွတ်တွတ်မြည်အောင်ပြောတတ်ကြတယ်…အိပ်ရာဝင်ကာနီးအချိန်တွေမှာလည်း တွတ်တွတ်မြည် အောင် ပြောတတ်ကြတယ်…မှတ်မှတ်ရရပေါ့ စာမေးပွဲရဲ့ နောက်ဆုံးရက်ညနေမှာ…နေတွေကပူနေလို့လေ လိုက်ပို့ခဲ့တယ်လေ.. နှစ်ယောက်သား လမ်းတွေမှားရင်း တစ်ပတ်ပတ်ခဲ့ကြတာပေါ့..။
နောက်တစ်ရက်မှာတော့ မနက်(၆)နာရီကနေ လည်ပတ်နေလိုက်ကြတာ ညနေ(၃)နာရီခွဲတော့မှ ပြန်ရောက်ခဲ့ကြတာလေ… capital hypermarketကို ၀င်ကြတယ်..လျှောက်ကြည့်ကြတယ်လေ..ပျော်စရာကောင်းလိုက်တာ…အဲ့ဒီကနေ Junctionကို ၀င်ကြတယ်…အပေါ်ထပ်ကနေ အောက်ထပ်ကိုဆင်းတော့ အ၀တ်ဆိုင်ရှေ့မှာ ကလေးရုပ်လေးတွေကိုမြင်တော့ မမက ပြောတယ်လေ…နေခြည်လေး…ဘာလို့ကလေးတွေကို ဒီတိုင်းထားတာလဲဆိုပြီးတော့ပေါ့…ရယ်စရာကောင်းတယ်လေနော်.. ပရိဘောဂဆိုင်တွေနားရောက်တော့…မမက ဈေးကြည့်တယ်လေ….ညလေးလက်ဖွဲ့ဖို့ပြင်ထားဆိုပြီးတော့ပေါ့…မှတ်မှတ်ရရပေါ့ ဘီးကုပ်လှလှလေးတွေကိုမြင်ရင် သဘောကျတတ်တဲ့ နေခြည်လေးအတွက် ဘီးကုပ်လှလှလေးတစ်ခုကို ချစ်တဲ့မမက လက်ဆောင်ပေးခဲ့တယ်လေ… ပြီးတော့ ရေပန်းဥယျာဉ်ထဲက တောအုပ်သဏ္ဍာန်လေးထဲမှာ အကောင်လေးတွေမြည်သံကို ဖွင့်ထားတယ်လေ…လှေကားအဆင်းမှာ ငှက်ကလေးတွေကတွန်သံကြားတော့…ညလေး မအော်နဲ့လေတဲ့..ဗိုက်ဆာနေတာပေါ့… ဒါနဲ့ ဘာကောင်ကြီးလဲမသိဘူးလေ အော်သံကြားတဲ့အခါ….မမ…အဲ့လိုမဟောက်နဲ့နော်လို့ ပြောလိုက်ကြပြီး ရယ်ခဲ့ကြတာလေ.. အပြန်အလှန်အမှတ်တရဓါတ်ပုံတွေရိုက်ခဲ့ပြီး ပြန်ရမယ့်နေ့အတွက် ပြင်ဆင်နေခဲ့ကြပြီလေ….။
ပြန်မယ့်နေ့လေးမှာ နေခြည်လေးစားဖို့အတွက် အဆင်သင့်ဖျော်ပေးထားတဲ့ ကော်ဖီတစ်ခွက်နဲ့မုန့်တွေကို ဗိုက်ပြည့်အောင် စားစေ ခဲ့တယ်…မပြန်ခင်အချိန်လေးမှာ ချစ်မမကို ကန်တော့ဖို့ရည်ရွယ်ခဲ့ပေမယ့်…သွက်လက်လွန်းတဲ့မမက အောက်ထပ်ကို ရောက်သွားနှင့်ခဲ့ပြီး အဆင်သင့်ဖြစ်နေခဲ့လို့ပေါ့…
ချစ်ရသောမမရေ…ရောက်ခဲ့ရဘုရားတွေမှာ ဆုတောင်းခဲ့ပါတယ်..ချစ်ရသောမမနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရပါစေ…ပြန်လည်ကျေးဇူး တွေ ဆပ်ခွင့်ရနိုင်ပါစေလို့ပေါ့…မမရေ…အနှိုင်းမဲ့တဲ့စေတနာနဲ့မေတ္တာတွေက ဘာနဲ့မှအစားထိုးလို့မရနိုင်ပါဘူး..ဒီဘ၀အတွက် နောက်ဆုံးအချိန်ထိတိုင်အောင် တသက်လုံးအမှတ်ရနေတော့မှာပါ…အခါအခွင့်သင့်လာရင် မေတ္တာတွေကိုတုန့်ပြန်နိုင်ဖို့ ကြိုဆို နေပါတယ်နော်…၀မ်းနဲခဲ့ရသလို..၀မ်းသာကြည်နူးမှုတွေလည်းဖြစ်ခဲ့ရပါတယ်…ပေးဆပ်ခွင့်တွေတစ်လှည့် ပြန်ရပါစေလို့ ဆုတောင်းနေပါတယ်နော်..မမအိပ်ပျော်နေချိန်တိုင်း မမကို အမြဲတမ်းခိုးကြည့်တတ်ခဲ့တဲ့ နေခြည်လေး…နှစ်ယောက်အတူ အိပ်ခဲ့ ရတဲ့ညတွေနဲ့အတူ ချစ်အနမ်းတစ်ခုပေးခဲ့လိုက်ရတယ်…နွေးထွေးတဲ့မေတ္တာတွေကိုပဲ လိုချင်မိခဲ့တဲ့ နေခြည်လေး အမှန်တကယ် ရရှိခဲ့ရလို့ ကျေးဇူးတွေ အခါခါပဲတင်နေမိခဲ့ပြီမမရေ..ကျေးဇူးတွေထက်မကတဲ့ အဖိုးတန်တဲ့ မေတ္တာတွေကို ရင်ထဲမှာ တသက်လုံး သိမ်းထားလိုက်ပါပြီနော်..ပြောလို့မကုန်နိုင်သေးတဲ့ စကားလုံးတွေနဲ့ထပ်တူ…နေ့စဉ်လို သတိတရရှိနေပါတယ်…။
ချစ်စွာသော မမ…အများတကာကခေါ်ဝေါ်ကြတယ်လေ…ထာဝရဘ၀တွေလှပနိုင်ပါစေ…သောကတွေအေးချမ်းပြီး မမအဖြစ်ချင် ဆုံး ဆန္ဒတစ်ခု အမြန်ဆုံးပြည့်ဝပါစေလို့ နေခြည်လေးက ဘုရားမှာနေ့တိုင်းဆုတောင်းပေးနေတယ်နော်…မမအတွက်.. နေခြည်လေးရဲ့လက်ဆောင်မွန်…အာဘွား (ဒုတိယအကြိမ်)ယူလိုက်အုံးနော်….ခါးခါးလေးလူးထားပြီး…လှလှတွေပြင်ထားနော်.. အိပ်ရာဝင်ချိန်တိုင်းပေါ့….ဘယ်လောက်ပဲဝေးဝေး…ဘယ်ကမ္ဘာပဲခြားနေပါစေ..ရင်ထဲမှာ တစ်သက်လုံး မပြက်ပြယ်နိုင်သော သံယောဇဉ်မေတ္တာတရားတွေနဲ့…စောင့်မျှော်နေမယ်နော်မမ….။


နေခြည်သစ်နွယ်(ပြည်)


No comments: