Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, November 10, 2012

“ခရေနဲ့..မြေ”



မဝေးခဲ့သော လမ်းတွေမှာ

ပန်းခရေတွေက ပြန့်ကျဲ

အနံ့စွဲတဲ့ ပန်းပမာ

လန်းဖြာချင်ပေမယ့်

ပန်းမာလာ ထုံသင်းရနံ့က

ကြုံဆုံရင်း ပြောပြလိုက်တယ်

လောကအခိုက်တန့်ဝယ်

သောကတွေ ထွေးပိုက်စေတယ်

မနှေးပိုက် ရည်ရွယ်

ကျီစယ်လာ ဘ၀တွေက

အလှအပတရားဆိုတာ

ခါးသက်သက်အရသာ

လျှာဖျားမှာ စွဲထင်စရာ

ပွဲဝင်စရာ လမ်းတွေက

ကမ်းခြေမှာ ရပ်တန့်နေသလို…..။


နေခြည်သစ်နွယ်(ပြည်)

No comments: