Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, January 2, 2013

“ရင်ထဲမှာငို”

“ရင်ထဲမှာငို”
လွမ်းစိတ်တွေကြားမှာ..
ဖွေရှာမိတယ်
မျှော်ခဲ့မိတာအမော
စိတ်ဇောတွေက ငါ့မှာ….။
လွမ်းစိတ်တွေကြားမှာ..
ညှို့ချက်ပြင်းတဲ့ရင်ခုန်သံ
တစ်ချက်လေး ခုန်မိပေမယ့်
နှစ်ကိုယ်အတူ မရှိနိုင်ခဲ့တာမို့
ရုတ်သိမ်းခဲ့ပါတယ်…အချစ်တွေကို
ဖွဲ့ဆိုမိတဲ့ ကဗျာတွေက
စကားလုံးအလှတွေဆိုပေမယ့်
ရင်ထဲက လာတာပါလေ…။

အထီးကျန်ညတွေတိုင်းရဲ့
နောက်ကွယ်မှာ..ဘယ်သူရှိနေမလဲ
ငါ..တွေးတာမဟုတ်ပါဘူး
အတွေးက..ရင်ဘတ်ကိုတိုးဝင်တာပါ…။
အမုန်းမရှိတဲ့ ရင်ခွင်သစ်မှာ
နင်..ပျော်မယ်ဆို ကျေနပ်တယ်
အနေတွေခက်ပေမယ့်…
ငါ..နင့်ကို ဆက်ချစ်နေဆဲပါလေ…။
ဒဏ်ရာတွေ ရနေခဲ့ပေမယ့်..
ငါ..ကျေနပ်နေမိခဲ့တယ်
တစ်ခါကပေးခဲ့တဲ့ အချစ်တွေကြောင့်ပေါ့။
ဘာအကြောင်းကြောင့် ခွဲသွားရက်ပေမယ့်..
ငါ..မပြောင်းလဲဘဲချစ်နေပါ့မယ်..။
ငါ့ရင်တွေငိုနေလို့..
စိုရွှဲသွားပါစေ..
နင့်အတွက် ပေးခဲ့ချင်တယ်..
နောက်ဆုံးအပြုံးတစ်ခုပေါ့…။

နေခြည်သစ်နွယ်(ပြည်)

No comments: