Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, January 21, 2013

“နားလည်နိုင်စေ”

“နားလည်နိုင်စေ”
တစ်ယောက်တည်းပါ…
မျှော်လင့်မထားတဲ့….ကံကြမ္မာတွေကြောင့်
ရိုက်ခတ်လာတဲ့..စကားလုံးတွေက
လေပြင်းတွေ..တိုက်ခတ်နေသလို
ခက်ထန်ကြမ်းတမ်းပေမယ့်
နားမလည်နိုင်တဲ့…ဘ၀တွေကို
နားလည်စွာနဲ့..ရင်စည်းခံ
အထီးကျန်ဘ၀တွေထဲမှာ…တစ်ယောက်တည်း…။
ပြောကြပါစေ…
လှပသေသပ်မှုမရှိတဲ့..စကားလုံးတွေ
အတွင်းကျကျ ခံစားချက်တွေကို
နားမလည်နိုင်သေးလို့ပါ….။
စကားလုံးအသုံးအနှုန်းတွေက
လိမ်တမ်းညာတမ်း…ကစားခဲ့တာမဟုတ်
အဖြေမှန်ရှာမတွေ့တဲ့…ဘ၀တွေမှာ
ကံကြမ္မာက..အလှည်အပြောင်းထားခဲ့တာပါ..။
သမိုင်းမှာ…စာမျက်နှာဆိုပေမယ့်
အထာမနက်တဲ့..ဘ၀မှာတော့
အမှားအယွင်းတော့..ရှိနိုင်ပါတယ်
သည်းခံနိုင်တဲ့..စွမ်းအားတွေ
လမ်းတံတားခင်းလျှောက်နိုင်ခဲ့ရင်
ပန်းအလှတွေဖွေးနေတဲ့..ကန်ရေပြင်ဟာ
ငါ့အတွက်တော့…ဖြစ်လာနိုင်ပါတယ်….။
အံကြိတ်ကာ..တင်းထားရတဲ့မာနတွေက
အလှအတွက်…မဟုတ်ပေမယ့်
မျက်ရည်စတွေ..ဝေနေတဲ့အခါ
ကြွေမသွားလေအောင်…စောင့်ရှောက်ခဲ့သူပါ…။


နေခြည်သစ်နွယ်(ပြည်)

No comments: