Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, January 12, 2013

လှသောမေတ္တာ...ဖြူသောနှလုံးသား
















နွေးထွေးစေသော၊ အပြုံးတရား


နှလုံးသားက၊ လှပါပေတယ်။


ကမ္ဘာကျော်တဲ့၊ မင်းသမီးရှုံး


စံပြုထိုက်တဲ့၊ မျိုးနွယ်ဖွားရယ်


သာကီနွယ်ဖွား၊ မြတ်သည့်စိတ်ထား


ဟိတ်ဟန်က၊ မ၀ါကြွားခဲ့


စာသားတွေထက၊် အရောင်ကလက်


တဖျက်ဖျက်နဲ့၊ သွက်လက်နေခဲ့။


အမှတ်တရ၊ ခွန်းမိန့်တွေက


စုရုံးကာဖွဲ့၊ နှောင်တွယ်မေတ္တာ


ကိုယ့်ရေးမဟုတ်၊ သူတို့အရေး


ဆွေးမြေ့မနေ၊ စိတ်ဓါတ်တွေက


ရွှေအိုရောင်ဝါ၊ အလံလွှင့်ထူ


ဟန်ချက်ညီတဲ့၊ ပန်းတိုင်ဆီအား


မယိုင်လဲစွာ၊ ဆောက်တည်ခဲ့သည်


ခရီးရောက်ခဲ့ပြီ… မြန်မာပြည်…။


ရှေးထုံးမပယ်၊ ဈေးသုံးမလွယ်


အရေးသုံးပါး၊ ဦးထိပ်မှာထား


ထိပ်ထားသဏ္ဍာန်၊ ရွှေစလွယ်က


ရွှေလည်တိုင်မှာ၊ ဆင်ကာမြန်းလို့


ပြည်မြန်မာရယ်၊ ဂုဏ်ယူဝံ့ကြွား


ပြည်သူအများ၊ အတုယူစရာ


ဝတ်စားကာပင်၊ ဆင်ယင်ထုံးဖွဲ့


ဆံထုံးနဲ့လှ၊ ချိတ်ထမီအသွင်


ယှဉ်ပါသလေ၊ တိုင်းခြားအလှ


တုနှိုင်းမမှီ ပုံရိပ်တွေသည်…။


ရှာမှရှားတဲ့၊ ယဉ်တစ်ကိုယ်မေ


ခင်ပျိုမေတွေ၊ အားကျပါဘိ


လှပကတိ၊ ယဉ်စွအကြည့်


ထင်ရှားအသိ၊ ကမ္ဘာတစ်ဝှမ်းထိ….။


နေခြည်သစ်နွယ်(ပြည်)

No comments: