“ညဥ့်ဦးယံတေးသံတွေဖွဲ့စေ”
မှောင်ရီပျိုးစ မကြာသေးပေမယ့်
အတော်ပင်..အမှောင်အတိကျခဲ့ပြီ
ညဆိုတဲ့အချိန်က..စိုးမိုးခဲ့လို့
ကြယ်တွေတောင်..စုံနေမှပေါ့ပဲ..။
ပေတရာလမ်းပေါ်ကို လှည့်ကြည့်မိပြန်တော့..
မော်တော်ကားတွေက တ၀ှီဝှီ
ပြေးလမ်းပေါ်..ဟိုဒီရွေ့လျားလို့
သူတို့လည်း..နေ၀င်ခဲ့ပြန်ပြီ….။
လေပြေအချို့က ဝှေ့လာပြန်တယ်
စကားသံအချို့က..နားဝဆီမှာ
ပဲ့တင်ထပ်တဲ့..ကြေးစည်သံကြောင့်
အမျှပေးဝေ..သာဓုခေါ်ခဲ့မိတယ်..။
“၀ုတ်ကနဲ” အသံတွေကြောင့်
ငြိမ်သက်စွာ..နားထောင်မိပြန်တယ်
“အော်” တိတ်ဆိပ်တဲ့ ညသန်းခေါင်ယံမှာ
သူတို့လည်း မအိပ်သေးဘဲကိုး….။
“၀ါးကနဲ” အသံတွေကြောင့်
အိပ်ချင်ဟန်ဆိုလာပေမယ့်..
မီးပုံဘေး..ထိုင်ကာငေးလို့
တွေးတွေးပြီး..စာတွေရေး..
တစ်ရေးဖြင့်..အိပ်နိုင်ပါအုံးမလား…။
“တဟီးဟီး” တုန်ယင်သံတွေက
ရင်ဘတ်မှဆီ နှုတ်ဖျားဆီသို့…
တိုးထွက်လာ..မပီမပြင်နဲ့
ဝေေ၀၀ါးဝါးသန်းခေါင်ယံတောင်ရောက်ခဲ့ပြီ…။
အချမ်းတွေကမပြယ်…
အလွမ်းတွေက..ပိုလာခဲ့တော့
“အော်…” ခုဆောင်းတစ်ည ကုန်ဆုံးပါစေသား.။
ညဥ့်ဦးယံ..တစ်ယံရောက်ခဲ့ပြီ
အိပ်မက်တွေ..မက်ခဲ့ပြီလား
မေးခွန်းတွေကို မဖြေနိုင်..
တွေဝေငေးမှိုင်တဲ့..ခန္ဓာကိုယ်က..
ဆောင်းတစ်ညရဲ့ အအေးဒဏ်ကို
ကြိတ်မှိတ်ကာခံစား..
အိပ်ပျက်ရက်ညဥ့်နက်တွေက
ရေတွက်၍..မရနိုင်တော့ပါလား…။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment