Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, January 16, 2013

“တောင်ပံခတ်သံ”



“တောင်ပံခတ်သံ”

ဘ၀အတွက် ခက်ခက်ခဲ

လျှောက်ရတဲ့လမ်းတွေမှာ

ကြေမွနေတဲ့ ဖိနပ်တစ်ရံကလည်း

ပါးလှပ်လှပ်ဖြစ်နေခဲ့ပါပြီ…။

အံဝင်ခွင်ကျမရှိသေးတဲ့..ဘ၀တစ်ခုဟာ…

နွေလေပြေကြွေနေတဲ့

ရွက်ခြောက်လေးတွေလိုပါပဲ

ဟိုဟိုဒီဒီ..လူးလွင့်ဝဲပျံနေလို့ပေါ့…။


အိပ်မက်ရထားကြီးတစ်ခုက

အကြိမ်ကြိမ် ဥသြသံဆွဲနေခဲ့ပေမယ့်

လွဲချော်နေတဲ့ ဘ၀ဘူတာကြီးကတော့

နာရီတွေမရပ်သရွေ့..

ခုတ်မောင်းပြေးဆွဲနေတုန်းပါပဲ….။

ငှက်ကလေးတွေ တေးဆိုနေတယ်

နေ၀င်ချိန်ဆည်းဆာရောင်အောက်မှာ

အိပ်တန်းတက်ပျံသန်းကြတော့မယ်

ပေါ့ပါးဖျတ်လတ်တဲ့ တောင်ပံတွေက

မနားတမ်းရိုက်ခတ်နေရသလို

လောကကြီးထဲမှာ ရှင်သန်ပေါက်ဖွားနေတဲ့

ငှက်ကလေးတစ်ကောင်ကလည်း

တောင်ပံတွေဖြန့်ကျက်ပြီး..

အိမ်ပြန်ချိန်ကို မျှော်နေရအုံးမည်ပေါ့…။



နေခြည်သစ်နွယ်(ပြည်)

No comments: