Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, January 4, 2013

“ကြည့်မှန်တစ်ချက်…အလှမပျက်”



“ကြည့်မှန်တစ်ချက်…အလှမပျက်”

တစ်နေ့သော်လာ ကြည့်မှန်တစ်ချက်

အပြုံးမပျက် ကြည့်ကာနေလည်း

အမုန်းမဖက် မောမပန်းဘဲ

တစိမ့်စိမ့်ဖြင့် ကြည့်ကာပျော်နေ…။

ခြယ်သလိမ်းကျံ အမြင်တင့်ရန်

ရယ်ကာအပြုံး ငိုကာတစ်လှည့်

သိမြင်နေစေ မှန်တစ်ချက်ပေ..။

ကျေနပ်ရွှင်ပြုံး စိတ်နှလုံးတွင်

လုံးလုံးမသိ ဇရာအဖြစ်

ကြည့်လျှင်ရွံရှာ အမှန်ပါ….။
အနံ့ဆိုးခြင်း ဤခန္ဓာမှာ

ပျက်ယွင်းဇရာ ရှိလာပြန်တာ

သိစိတ်ထွေထွေေ၀၀ါးလာ…။

ဇရာအလှ ထင်တိုင်းကလည်း

ဖြစ်ပြန်အလွဲ စွဲမြဲစေတာ

ကြေးမုံရိပ်သွင် ပုံပမာ…။

နေ့တဓူဝ ကြည့်ပြန်တာလည်း

ကြေးမုံရှေ့မှာ အခါခါ…။

ပြင်ဆင်အမြဲ လှတိုင်းခြယ်သ

ဖုံးလွှမ်းစေတာ အ၀ိဇ္ဇာပါ…။

ခန္ဓာအလှ ပျက်ယွင်းမရှိ

ကြည့်သိနေတာ အလှပါ…။

ဖောက်ပြန်ယုတ်စွ ပျက်ဆီးပြန်လည်း

ကြည့်မိနေတာ အ၀ိဇ္ဇာပါ…။

သုဿာန်ရင်ပြင် တစ်စပြင်သို့

ဖောက်ပြန်ရောက်ငြား သတိဝင်ကာ

သြော်…အနိစ္စပါတကား…။


နေခြည်သစ်နွယ်(ပြည်)

No comments: