Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, January 3, 2013

“ဖူးပွင့်ဝေဆာမောင်ညီမလေးများဖတ်ဖို့”

“ဖူးပွင့်ဝေဆာမောင်ညီမလေးများဖတ်ဖို့”
လူ့လောကကြီးမှာ ဖူးပွင့်ဝေဆာလာကြမယ့် မောင်ညီမလေးတို့ရေ..မောင်ညီမလေးတို့အတွက် ရင်ထဲကစကားလေးတွေကို ရသအက်ဆေးလေးတစ်ခုအဖြစ် ဖန်တီးပေးပို့လိုက်ပါတယ်နော်။ လူ့လောကကြီးထဲမှာ..မွေးဖွားခြင်းဆိုတာရှိခဲ့ကြလို့… လူ့ဘ၀ ကြီးကိုရောက်ရှိလာခဲ့ကြပေမယ့်..ဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်..မောင်ညီမလေးတွေမှာ..ခွန်အားသစ်တွေ လိုအပ် ကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်..ဘ၀ဆိုတာဟာ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ အတိတ်ကံအကျိုးပေးပုံချင်း တူညီနိုင်မှု မရှိနိုင် ကြသလို..ဖြတ်သန်းရမယ့်ဘ၀ရဲ့အခက်အခဲတွေဆိုတာကလည်း တူညီနိုင်မှာမဟုတ်ပါဘူးနော်…။
မောင်ညီမလေးတို့ရေ..ဘ၀ဆိုတာဟာ..ပင်လယ်ပြင်ကျယ်ကြီးတစ်ခုလိုပါပဲ..ကူးခတ်နိုင်ဖို့ခက်ခဲကြတယ်..ကူးခတ်နိုင်ခဲ့ပြန်ရင် လည်း ..မလျှော့သောဇွဲ…လုံ့လ..၀ီရိယတွေနဲ့ပေါင်းစပ်ပြီး ကူးခတ်ကြဖို့လိုပါလိမ့်မယ်..လျှောက်သောလမ်းတွေဟာ..တစ်ခါတစ်ရံ စင်းလုံးချောကတ္တရာလမ်းတစ်ခုလို ဖြောင့်ဖြူးနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး..တစ်ခါတစ်ရံ ကျောက်ခဲတွေ..ဆူးငြောင့်တွေ…အမှိုက် သရိုက်အညစ်အကြေးလေးတွေ..ဖုန်မှုန့်လေးတွေ စသည်ဖြင့် တွေ့ရမှာတော့ ဧကန်ပါပဲ…ဒါပေမယ့် တွေ့ကြုံရတဲ့အညစ်အကြေး တွေကို သင်ခန်းစာတစ်ခုအဖြစ်မှတ်ယူရင်း..မောင်ညီမလေးတွေက ကြိုးစားအားထုတ်သွားရမယ်နော်..။
ချစ်ရသောမောင်ညီမလေးတို့ရေ…တစ်ဦးတစ်ယောက်ချင်းစီမှာ..အားနည်းချက်..အားသာချက်တွေဆိုတာ.ရှိနေမှာအမှန်ဘဲနော်.. တစ်ခါတစ်ရံ အားသာချက်တွေရှိနေတဲ့အခါ..မာနတွေ…လောဘတွေ..ဒေါသတွေ..မောဟတွေဖုံးလွှမ်းနေတတ်ပြီး လိုရာခရီးကို မရောက်နိုင်ခဲ့တာမျိုးတွေဖြစ်သွားတတ်ပါတယ်…တစ်ခါတစ်ရံ အားနည်းချက်တွေများစွာရှိလာတဲ့အခါမှာလည်း..အားနည်းချက်ဆို တဲ့ စိတ်ကလေးတစ်ခုကို ဦးနှောက်ထဲမှာ အသေအချာစွဲလို့မှတ်ထားပြန်ရင်လည်း..အဲ့ဒီအားနည်းချက်တွေက မောင်ညီမလေးတို့ ရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် ခရီးလမ်းတွေအတွက် တံခါးတွေပိတ်နေတတ်ပါတယ်…လူ့ဘ၀ဆိုရယ်လို့ဖြစ်လာခဲ့ရင်… မောင်ညီမလေးတွေသာမကပါဘူး..လူဆိုတဲ့ ပုထုစဉ်မှန်သမျှတွေမှာ အားနည်းချက်…အားသာချက်တွေရှိကြပါတယ်..အဲ့ဒီလို စိတ်တွေကိန်းအောင်းနေခဲ့ရင်တော့..အတတ်နိုင်ဆုံးမောင်းထုတ်ပစ်နိုင်ရမယ်နော်..အဲ့ဒီအရာတွေဟာ ကိုယ်စီကိုယ်စီမှာ အလိုလို ရောက်လာတတ်ကြတဲ့ စေတသိတ်တွေဖြစ်နေတာမို့..မလိုလားအပ်တဲ့စိတ်ဝေဒနာတွေအတွက် မောင်ညီမလေးတို့ရဲ့ဘ၀ ရှေ့ရေးတွေကို နှောင့်နှေးမသွားကြပါစေနဲ့နော်…။
ဖူးပွင့်ဝေဆာမောင်ညီမလေးတို့ရေ..ဘ၀ဆိုတာ ဖြစ်ချင်တိုင်းလည်း ဖြစ်ခွင့်မရနိုင်ကြသလို…မဖြစ်ချင်တဲ့အရာတွေလည်း ဖြစ်လာ တတ်ကြပါတယ်…ဒါဟာ..လောကရဲ့ သဘာဝနိယာမတရားတွေပါပဲ..တစ်ခါတစ်ရံ မျှော်မှန်းထားကြသလောက်…တစ်ခါတစ်ရံ မမျှော်မှန်းထားပါဘဲ..ဖြစ်လာခဲ့ကြတာတွေဟာ မြတ်စွာဘုရားရှင်ဟောကြားတဲ့ အနိစ္စ…မမြဲသောတရားတွေပေါ့..မောင်ညီမလေး တို့ရဲ့ဘ၀တွေမှာလည်း ခဏခဏတိုင်း ကြုံတွေ့နေကြမှာပါ…အဲ့ဒီမမြဲသောတရားတွေကိုသာ…ဇွဲရှိရှိနဲ့…စိတ်ဓာတ်တွေကို ကြံ့ကြံ့ခိုင်မာအောင်ထားကြမယ်…ကြုံတွေ့လာနိုင်မယ့် အဆိုးအကောင်းတွေကိုသာ အရှုံးမပေးကြဘဲ ကျော်ဖြတ်သွားနိုင်မယ် ဆိုရင်တော့ မောင်ညီမလေးတို့လျှောက်ချင်သောလမ်း…သွားလိုသောလမ်းတွေကို အရောက်သွားနိုင်ကြမှာပါ…။
အဲ့ဒီလို လျှောက်လှမ်းတဲ့အခါမှာလည်း..ရိုးသားမှုဆိုတဲ့စိတ်ကတော့ အရေးအပါဆုံးလို့ ပြောပြချင်ပါတယ်နော်…ရိုးသားမှုဆိုတာ တစ်ခါ တစ်ရံ လူတွေက မကောင်းဘူးလို့ထင်တတ်ကြပေမယ့်…အမှန်တကယ် လူတိုင်းတန်ဖိုးထားတတ်ကြတာကတော့..အဲ့ဒီရိုးသားမှု ပါပဲနော်…ဘ၀ရဲ့အခက်အခဲတွေအားလုံးကို..စိတ်ဓာတ်တည်ကြည်ခိုင်မာခြင်းတွေနဲ့အတူ ရိုးသားစွာဖြတ်ကျော်ကြပါလို့လည်း တိုက်တွန်းချင်ပါတယ်နော်..။
ချစ်သောမောင်ညီမလေးတို့ရေ…ယုံကြည်ချက်ဆိုတာမျိုးတွေရော ထားဖူးခဲ့ကြပါရဲ့လား..ကိုယ်စီကိုယ်စီ ယုံကြည်ချက်.. ရည်ရွယ်ချက်.. ခံယူချက် စတဲ့အကြောင်းအရာခေါင်းစဉ်တွေရဲ့အောက်မှာ နေဖူးကြမယ်လို့ ထင်ပါတယ်..လူတိုင်းကိုယ်စီမှာ အဲ့ဒီအရာတွေအားလုံးရှိကြဖူးပါတယ်..အချို့တွေကလည်း အဲ့ဒီခေါင်းစဉ်လေးတွေရဲ့အောက်မှာ ရုန်းမထွက်နိုင်ခဲ့ကြဘူးလေ… အချို့ကျတော့လည်း ရုန်းထွက်နိုင်ခဲ့ကြတယ်..မောင်ညီမလေးတို့ရေ..အဲ့ဒီခေါင်းစဉ်လေးတွေဟာ တူမယောင်နဲ့ မတူဘူးဆိုတာ ကိုရော သတိထားမိကြပါရဲ့လား..ယုံကြည်ချက်ဆိုတာ…လုပ်ဆောင်ချက်တစ်ခုကို ပြုလုပ်တော့မယ်ဆိုရင်…အထက်မှာ ပြောခဲ့ သလိုပါပဲ…ကိုယ့်ရဲ့ပင်ကိုယ်စိတ်..(သို့မဟုတ်)လုပ်ယူပြီးဖြစ်လာတဲ့ အားနည်းချက်..အားသာချက်ဆိုတဲ့စိတ်တွေမပါဝင်ရဘူးပေါ့.. အဲ့ဒီစိတ်တွေနဲ့အတူလုပ်မယ်ဆိုရင်တော့ ယုံကြည်ချက်ဆိုတာဖြစ်မလာနိုင်ပါဘူး…ယုံကြည်ချက်ဆိုတာ…လုပ်ဆောင်ချင်တဲ့ အရာတစ်ခုကို..လုပ်နိုင်တယ်…လုပ်ကိုလုပ်ရမယ်..ဖြစ်ရမယ်…ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးတွေနဲ့ ရှင်သန်နေရမှာပါ..ဒါမှသာ ယုံကြည်ချက်ဆိုတာ ထားသလောက်ပြီးမြောက်နိုင်မှာပါ..တစ်ခါတစ်ရံ အလုပ်မပြီးခင်အချိန်အတွင်းမှာဘဲ..စိတ်ဓာတ်တွေ ပျက်ယွင်းသွားခဲ့မယ်…ပျင်းရိနေကြမယ်..မဖြစ်နိုင်ပါဘူး…ဖြစ်ရောဖြစ်မှာလား..မလုပ်နိုင်ဘူးထင်ပါတယ်..စတဲ့ အကြောင်းပြချက် တွေနဲ့ တည်ဆောက်မယ်ဆိုရင်တော့…ယုံကြည်ချက်ဆိုတာ ခရီးမဆုံးခင် လမ်းတ၀က်မှာဘဲ ပျက်ဆီးသွားနိုင်ပါတယ်..။ ဒီလို အကြောင်းအရာတွေ..တွေဝေမှု…ဒွိဟဖြစ်မှုစိတ်တွေဟာ..မောင်ညီမလေးတို့ရဲ့စိတ်သဏ္ဍာန်မှာ မလွဲမသွေကိန်းအောင်းလာနိုင် ပါတယ်..ဒါကြောင့်လည်း.ဘ၀အတွက် ယုံကြည်ချက်တစ်ခုနဲ့လျှောက်ချင်တယ်ဆိုရင်တော့…ဖြစ်ပေါ်လာမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်အောင်ကြိုးစားဖို့အတွက်..မယိုင်လဲသောစိတ်ဓာတ်တွေ..ခိုင်မာတည်ကြည်သောစိတ်ဓာတ်တွေနဲ့အတူ…တည် ဆောက်ပါလို့..မလွဲမသွေ..အဲ့ဒီလိုသာတည်ဆောက်ကြမယ်ဆိုရင်..ယုံကြည်ချက်ထားပြီးသွားနေတဲ့ခရီးရှည်တစ်ခုကို အဆုံးထိ လျှောက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်…ဖြည်းဖြည်းမှန်မှန်နဲ့သာ..မရပ်မနားဘဲ..လျှောက်သွားမယ်ဆိုရင် ရောက်ရှိနိုင်ကြ မှာပါနော်။
မောင်ညီမလေးတို့တွေ..ဖြတ်သန်းရတဲ့ဘ၀တွေမှာ…အမှားလေးတွေလည်း ရှိဖူးကြမယ်လို့ထင်ပါတယ်..လမ်းစလျှောက်တတ်သူ.. လမ်းလျှောက်သင်သူကလေးတွေအတွက်..လမ်းလျှောက်ဖို့ရာမှာ ခက်ခဲပင်ပန်းလိမ့်မယ်ဆိုတာ သိကြမှာပေါ့…ဒီလိုပါပဲ လမ်းလျှောက်ရင်းနဲ့လည်း..လဲကျသွားတတ်တာ…ချော်လဲသွားတတ်တာမျိုးတွေလည်း အကြိမ်တိုင်းမကကြုံတွေ့နေရမှာပါ… အဲ့ဒီလိုအကြောင်းတရားတွေဖြစ်လာရင်တော့..မောင်ညီမလေးတို့ရေ..ကိုယ်တိုင်သာပြန်ထဖို့ ကြိုးစားကြည့်ပါနော်…ထူပေးမယ့်သူ ကို ငေးကြည့်မနေပါနဲ့..ထူပေးမယ့်သူဟာ…တစ်ကြိမ်မကတဲ့ သုံးကြိမ်တိုင်အောင်ပဲထူပေးမှာပါ….ဘ၀ရဲ့ရှင်သန်ချိန်တိုင်းတွေမှာ လဲကျမှုတွေဟာ စက္ကန့်နဲ့အမျှဖြစ်ပေါ်နေမှာပါ..အဲ့ဒီလိုဖြစ်ပေါ်လာတဲ့အခါတိုင်း..ကိုယ်ပိုင်စိတ်ဓာတ်ခွန်အားတွေနဲ့ ထူထောင် ကြည့်ပါ…အကြိမ်ကြိမ်ထူထောင်ကြည့်ပါ..လဲကျရင်း.. မားမားမတ်မတ်ပြန်လည်ရပ်တည်နိုင်လာပါလိမ့်မယ်..ဒါဟာ..မောင်ညီမ လေးတို့တွေရဲ့ ကိုယ်တိုင်အားထုတ်မှုရဲ့ အကျိုးကျေးဇူးရလဒ်တွေပေါ့… လမ်းလျှောက်ရင်းလဲကျသွားတာကို အပြစ်တင်နေ မယ့်အစား…ဘယ်လိုပြန်ထရင်…ရှေ့ကိုဘယ်လိုလျှောက်သွားလို့ရနိုင်တယ်ဆိုတဲ့ အတွေး..အသိအမြင်..အတွေ့အကြုံသစ်တစ်ခု ကို ရရှိသွားမှာပါနော်…။
ဖူးပွင့်ဝေဆာမောင်ညီမလေးတို့ရေ..ရှင်သန်ချိန်တွေတိုင်းမှာ..ကောင်း၏ဆိုး၏အကြောင်းအရာတွေကိုလည်း..ဝေဖန်ပြောဆိုကြ မှာဘဲနော်..ခြောက်ပစ်ကင်းသဲလဲစင်ဆိုတာ မည်သူ့မှာမှရှိနိုင်မှာမဟုတ်ပါဘူး…ဝေဖန်မှုတွေခံရတိုင်း..လက်တွေ့လုပ်ဆောင်ချက် တွေနဲ့သာကြိုးစားပြကြည့်လိုက်ပါ…ပင်မြင့်ယံကသစ်ရွက်လေးတွေဟာ..လေတိုက်တာကို ခံရတတ်ပါတယ်… လေတိုက်တိုင်း လည်း ပင်လုံးကျကြွေသွားနိုင်တာမျိုးမဟုတ်ပါဘူး..လေတိုက်တာကိုလည်း ခံနိုင်ရည်ရှိအောင်ကြိုးစားရမယ်နော်… လေတိုက် တယ်ဆိုတာ..ဒီလိုပါပဲ…ဝေဖန်လာမယ့်သူမျိုးတွေရှိခဲ့ရင်လည်း…ကောင်းသည့်အရာတွေကိုသာ ဦးနှောက်မှာလက်ခံပြီး.. မကောင်းသည့် အတွေးများဖြစ်စေမယ်ဆိုရင်… လှည့်ကြည့်မနေပါနဲ့နော်.. ဝေဖန်မှုဆိုတဲ့ခေါင်းစဉ်တွေဟာ.. လက်တွေ့ လုပ်ဆောင်ချက်တွေလုပ်နေသူ.. ကြိုးစားပြနေသူတွေရဲ့အောက်မှာဘဲရှိနေခဲ့တာပါ..ဒါကြောင့်လည်း.. ဝေဖန်မှုတွေ ၀ိုင်းရံလာ ခဲ့ရင်…သူတို့ပြောသလို ဖြစ်နေတာလား…သူတို့ပြောတာဟုတ်လို့လား..ကိုယ်တိုင်ရောဟုတ်ရဲ့လားဆိုတာတွေကို ဦးနှောက်နဲ့ အသေအချာစဉ်းစားပြီး အရှုံးပေးစရာမလိုအပ်သလို.. လဲကျစရာလည်းမလိုအပ်ပါဘူး… စိတ်ဓာတ်တွေကိုမြှင့်တင်ရင်း.. ဝေဖန်မှု တွေကို အနိုင်ယူကျောခိုင်း ပစ်လိုက်ကြပါနော်…။
မောင်ညီမလေးတို့ရေ..ဘ၀မှာလျှောက်လှမ်းရင်းဖြင့်…အမှားတွေကလည်း ထပ်ခါတလဲလဲ တွေ့လာနိုင်ပါတယ်နော်.. အမှားတွေ တွေ့ကြုံလာရတဲ့အခါ…ကြောက်ရွံ့မနေကြဘဲ..အမှားတွေကို…နောက်ထပ်တစ်ဖန်လျှောက်လှမ်းရမယ့် ခြေလှမ်းတွေတိုင်း အတွက် သင်ခန်းစာအဖြစ်ထားလိုက်ကြနော်…တစ်ခါအမှားဖြစ်ခဲ့ရင်…တစ်ခါသင်ခန်းစာပေါ့..အမှားဆိုတာ…ကလေးဘ၀တွေက သင်္ချာတွက်ရတဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ..ဆရာမပေးလာမယ့် မှင်နီကြက်ခြေခတ်တွေကို ကလေးတွေက မလိုချင်ကြပေမယ့်..ပဟေဌိ ဆန်လာတဲ့ပုစ္ဆာမျိုးဆိုရင်တော့ ဥာဏ်ရည်အနိမ့်အမြင့်ကိုမူတည်ပြီး ရလာတတ်ကြတယ်လေ…ဒီလိုပါပဲ..ဘ၀မှာလည်း အမှားတွေ.. အစွန်းအထင်းတွေ..အမဲစက်တွေဆိုတာဟာ… လူတိုင်းတောင့်တမြတ်နိုးတဲ့အရာတွေမဟုတ်ပါဘူးနော်.. ဒါပေမယ့် လည်း သိသောအမှား..မသိသောအမှားတွေဟာ ကြုံလာတတ်ကြတာမို့… လက်ခံလာကြရပါတယ်..အမှားဆိုတဲ့အရာတွေဟာ ထပ်ပြီး မှားဖို့မွေးဖွားလာခဲ့တာမဟုတ်ပါဘူး..အမှားဆိုတာ…အမှန်ပြင်ဖို့အတွက်လမ်းစတစ်ခုပါပဲနော်….ပြင်ဆင်နိုင်အောင်လည်း ကြိုးစားကြပါနော်။
နောက်ဆုံးအနေဖြင့် ..မောင်ညီမလေးတို့ရေ…အကောင်းမြင်စိတ်ဆိုတဲ့အရာပါပဲ…အကောင်းမြင်စိတ်ဆိုတာဟာ မွေးဖွားသန့်စင်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါပဲ..ဘာကြောင့်လဲဆိုတော့..ပုထုစဉ်တွေဖြစ်နေကြလို့ပါပဲ….ဒါပေမယ့်လည်း မောင်ညီမလေးတို့ ဒီအတွက် တော့ ကြိုးစားရလိမ့်မယ်လို့ပြောပြချင်ပါတယ်…ကြိုးစားကြည့်ပါ…အကောင်းမြင်စိတ်ဆိုတာ…တစ်ဦးတစ်ယောက်ရဲ့ အသိစိတ်.. ပင်ကိုယ်ပေါက်ဖွားလာတဲ့စိတ်…ဘာသာတရားတွေရဲ့ပြုပြင်ပြောင်းလဲမှုတွေကြောင့်သာ ရလာနိုင်ပါတယ်..ခြောက်ပစ်ကင်းသဲလဲ စင်မရှိနိုင်တဲ့ လူတို့၏စိတ်တွေဟာ..ထာဝရအကောင်းမြင်စိတ်ရှိလာနိုင်အောင်တော့.အထက်ကသုံးချက်ဖြင့်သာ ရရှိနိုင်မှာပါနော်. မောင်ညီမလေးတို့ရေ..လူတို့မှာဖြစ်ပေါ်တတ်တဲ့…သ၀န်တိုခြင်း…မနာလိုခြင်း…မစ္ဆရိယစတဲ့စိတ်တွေဟာ..စက္ကန့်နဲ့အမျှ…ဖြစ်ပေါ် နေတတ်ကြပါတယ်..ထိုသို့စိတ်တွေကို အနည်းနှင့်အများပြုပြင်ပြောင်းလဲပေးနိုင်ခြင်းဟာ…အသိစိတ်တွေနဲ့အတူ…ဗုဒ္ဓရဲ့တရား တော်တွေကသာ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်..မောင်ညီမလေးတို့ရေ…လောကီလမ်းကိုလျှောက်လှမ်းတော့မယ်ဆိုရင်တော့ လောကုတ္တရာနဲ့ပါ တွဲဖက်ပြီးလျှောက်သွားကြဖို့လိုအပ်ပါလိမ့်မယ်…ဒါနတစ်ခုဟာ..ကုသိုလ်ရဖို့အတွက်သက်သက်မဟုတ်ပါဘူး မောင်ညီမလေးတို့အတွက်..နေ့စဉ်လိုကုသိုလ်စိတ်လေးတွေ..အသိစိတ်လေးတွေ မပျောက်ပျက်စေတာလည်းပါနိုင်မယ် ထင်ပါ တယ်… သီလဆောက်တည်ခြင်းကလည်း..မောင်ညီမလေးတွေအတွက် သီလရှင်ဝတ်ခိုင်းလိုက်ခြင်းမဟုတ်ပါဘူး နေ့စဉ်လို သီလစင်ကြယ်နေခြင်းဟာ…ကိုယ်တိုင်ထာဝရ မွှေးပျံ့နေစေမယ့် ကိုယ်ကျင့်တရားတစ်ခုကို ခိုင်မာအောင် တည်ဆောက်နေကြ တာပါ..ဘာဝနာတရားကို ကျင့်ကြံအားထုတ်သူတိုင်း…နိဗ္ဗာန်ကိုမရောက်နိုင်ပေမယ့်..နေ့စဉ်လို တပိုင်တနိုင်ကျင့်ကြံအားထုတ် သွားကြမယ်ဆိုရင်…ဘာဝနာတရားမှပေးလာခဲ့သော အသိတရား…မေတ္တာ..ကရုဏာ..အေးချမ်းခြင်း…ငြိမ်းချမ်းခြင်းစိတ်တွေဟာ မောင်ညီမလေးတို့အတွက်..တသက်လုံးစားမကုန်နိုင်တော့မယ့်…အသီးအပွင့်လေးတွေဖြစ်လာတော့မှာမုချဧကန်ပါပဲနော်…။ အနာဂါတ်မှာ ဖူးပွင့်ဝေဆာလာကြမယ့်မောင်ညီမလေးတို့..ထာဝရစိတ်ချမ်းမြေ့ပျော်ရွှင်နိုင်ကြပြီး…လောကရဲ့ ကောင်းခြင်း ဆိုးခြင်း..အခက်အခဲတွေအားလုံးကို စိတ်ဓာတ်တွေ အလွယ်တကူနဲ့ ယိုင်လဲပြိုလဲခြင်းမရှိကြဘဲ.. ကျော်ဖြတ်သွားနိုင်ကြပါစေ… ရိုးသားခြင်း…ဖြူစင်ခြင်း..မြင့်မြတ်ခြင်း ဆိုတဲ့စိတ်သဘောတွေနဲ့အတူ… လျှောက်လှမ်းရာခြေလှမ်းတိုင်းတွေမှာလည်း.. အတက် အကျတွေ..အနိမ့်အမြင့်တွေရှိပေမယ့်… မလျှော့သောဇွဲ..လုံ့လတွေနဲ့အတူ..မှန်းမျှော်ရာဘ၀လမ်းတွေကို ကိုယ်တိုင်တည်ဆောက် နိုင်ကြပါစေလို့.. ဆန္ဒပြုရင်းဖြင့်…ရေးသားတင်ပြလိုက်ရပါတယ်…။


နေခြည်သစ်နွယ်(ပြည်)

No comments: