Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, January 18, 2013

နှုတ်ဆက်ပါတယ်

အားလုံးပဲ....သာယာသောနံနက်ခင်းလေးဖြစ်ပါစေရှင်...

ပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့အတူ...ဆန္ဒတွေနဲ့....ဘ၀တွေလည်း

တထပ်တည်း ကျနိုင်ကြပါစေရှင်။

လောကီ...လောကုတ္တရာနှစ်ဖြာအကျိုးကိုလည်း....ပူးတွဲဆောင်ရွက်နိုင်ကြပါစေရှင်....။

နေခြည်လေး....အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်ရှင်....အွန်လိုင်းမြေမှခွဲခွါခွင့်ပြုပါ....။


စာတွေကိုတော့ ဆက်ရေးနေအုံးမှာပါ...

နေခြည်လေးရဲ့....ကဗျာလေးတွေ..စာလေးတွေကို ထာဝရစောင့်မျှော်

အားပေးကြတဲ့ ချစ်ပရိသတ်ကြီးအတွက်...ကြိုးစားပြီး...တင်ပေးပါ့မယ်။

ပရိသတ်ကြီးရဲ့...အားပေးမှုတွေကြောင့်သာ...စာတွေဆက်လက်ရေးသား

နိုင်ခဲ့တာပါ....အရမ်းလည်းကျေးဇူးတင်ရှိပါတယ်....

ငွေကြေးနဲ့တိုင်းတာလို့မရနိုင်ခဲ့တဲ့....ပီတိတွေကို ဖြစ်စေခဲ့ပါတယ်...။

ဆက်လက်လည်း အားပေးမြဲအားပေးကြပါအုံးလို့...ပြောခဲ့ချင်ပါတယ်ရှင်။

အခြေအနေအရပ်ရပ်တွေကြောင့်

ခွဲခွါကြရပေမယ့်....ချစ်ပရိသတ်ကြီးအတွက်....နေခြည့်ရဲ့ ရင်ထဲကတစ်နေရာ

မှာတော့.....ကဗျာလေးတွေ...သီဖွဲ့နေပေးပါ့မယ်.....။

အွန်လိုင်းပရိသတ်ကြီးကိုရော....ပထမဦးဆုံးထွက်ရှိခဲ့တဲ့ ရွှေမြို့တော်

ဝတ္ထုတိုပေါင်းချုပ်လေးကိုပါ...ဖတ်ဖူးခဲ့သူတိုင်း....အရမ်းကောင်းပါတယ်..

နောက်ထပ်ရောမထွက်တော့ဘူးလားလို့...အသံတွေကြားခဲ့ရ...မေးမြန်းလာတဲ့

အပြင်မှပရိသတ်ကြီးများအားလုံးကိုလည်း....ဂါရ၀ပြုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။


နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: