Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, January 8, 2013

“နောင်နှစ်ကို ကြိုနေအုံးမည်”

“နောင်နှစ်ကို ကြိုနေအုံးမည်”
ချစ်ရသူရေ..Januaryလကိုရောက်လာပြန်ပြီနော်..ဒီအချိန်မှာ Aprilလတုန်းက သင်္ကြန်မိုးသီချင်းလေးကို ခံစားကြည့်လိုက်ရင် ပေါ့ပျက်ပျက်ဖြစ်နေမလားဘဲနော်…ဒါပေမယ့်လည်းလေ ခုလိုရာသီမျိုးမှာ သင်္ကြန်မိုးဆိုတဲ့ သံစဉ်လေးကို ရင်ခုန်သံအပြည့်နဲ့ နားဆင်ကြည့်လိုက်ပါလား…တစ်ချိန်တုန်းက တို့နှစ်ယောက်ရဲ့ အတိတ်နေ့ တွေကို ပြန်လည်တမ်းတမိနေကြမှာပါ…။
သံစဉ်လေးရဲ့အစမှာ..လွမ်းစရာကောင်းလွန်းလှသလို နွေဦးရာသီရဲ့ သင်းပျံ့စွာကျန်ရစ်ခဲ့ပြီဖြစ်တဲ့ သင်္ကြန်ရနံ့တွေကလည်း အချိန်ကာလတွေနဲ့အတူ လွင့်မျောလို့သွားခဲ့ပြန်ပြီနော်…။
လူတွေကပြောကြလိမ့်မယ် ချစ်ရသူရေ…ဒီလိုရာသီဥတုလေးမှာ သင်္ကြန်သီချင်းလေးကို နားထောင်မိတဲ့ ကျွန်မကိုပေါ့…ကျွန်မ ဥပေက္ခာပြုထားခဲ့ပါတယ်နော်..အနုပညာနဲ့ထပ်တူ နှလုံးသားမှပေါက်ဖွားလာခဲ့သော အတိတ်နေ့ရက်တွေက ဥပေက္ခာနဲ့ယှဉ်ရင် စိုးမိုးလွန်းအားကြီးခဲ့လို့ပါ….
Aprilကို မရောက်ခင်အချိန်က ကျွန်မတို့တွေ Aprilကို မျှော်နေတတ်ခဲ့ကြတယ်နော်…နွေဦးရာသီရဲ့ တိတ်ဆိတ် ခြောက်သွေ့လွန်းတဲ့ ညသန်းခေါင်ယံအချိန်တွေရဲ့ လေဦးလေပြေလေးတွေက တဖြူးဖြူးနဲ့မို့ သင်္ကြန်မိုးနဲ့အတူ စီးမျောသက်ဝင် လှပနေတတ်ခဲ့ကြတယ်လေ…

ခုတော့လည်း ချစ်ရသူနဲ့အတူ ကျွန်မလည်း မေ့နေတတ်ခဲ့ပါပြီ..တကယ်ဆိုတော့ Aprilတွေသာ ကုန်ဆုံးလာခဲ့ပေမယ့် Aprilနဲ့ ထပ်တူရှိခဲ့ဘူးကြတဲ့ နှလုံးသားတွေကို ပြန်လည်းတမ်းတမိပါတယ်၊ ငိုကြွေခြင်း၊ ရယ်မောပျော်ရွှင်ခဲ့ရခြင်း၊ လွမ်းဆွတ်တမ်းတခြင်းတွေနဲ့ထပ်တူ ခံစားခဲ့ရဘူးခဲ့ကြတယ်မဟုတ်လား…။
“ဟော့တော့”ဆိုတဲ့သီချင်းလေးကို ကြားမိတိုင်း ခံစားမိပါတယ်…ကုန်ဆုံးသွားခဲတဲ့ Aprilနွေကို တမ်းတမနေတော့ပါဘူး နော်…အချိန်တွေတစ်ဖန် ပြန်ရောက်လာတော့မယ့် Aprilအကြို နှစ်ဦးနွေမှာ ချစ်ရသူကို ရေစင်တွေဖျန်းပက်ရအောင် ကျွန်မ ကြိုနေပါရစေပါတော့နော်…။
လွမ်းတယ်ချစ်ရသူရေလို့ စကားလေးနှစ်ခွန်းဖြင့် ပြောလို့မရအောင်ပင် လွမ်းရပါသည်ကွယ်၊ တကယ်ဆိုတော့ အချစ်ဆိုသည်က.. အပြန်အလှန်၊ သက်ရောက်မှုတိုင်းရဲ့တန်ပြန်ဆိုတာရှိနေသရွေ့ ခိုင်မြဲမှုဆိုသည့် အချစ်အုတ်တံတိုင်းကြီးကလည်း တည်တံ့နေမှာ ပါနော်၊ အတိတ်ဆိုတာ အနာဂါတ်ကို သယ်ဆောင်မလာရဘူးလို့ ပြောခဲ့ကြပေမယ့်၊ အနာဂါတ်ရဲ့နေ့ရက်တွေတိုင်းမှာတော့၊ အတိတ်ဆိုတဲ့ အလွမ်းတွေကတော့ အသက်ဝင်လို့ နေဆဲပါပဲ ချစ်ရသူရေ…။


နေခြည်သစ်နွယ်(ပြည်)

No comments: