Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, April 30, 2013

“ငြိမ်းအေးကြစေဓမ္မဖြင့်သာလေ”


“ငြိမ်းအေးကြစေဓမ္မဖြင့်သာလေ”

အို…မြန်ပြည်တခွင်
ငြိမ်းချမ်းသာယာ…ဘေးရန်ကွာ၍
လန်းဖြာစေသော်…။
လူ့ဘောင်လောက..ခဏတာဝယ်
ဒုက္ခဆင်းရဲ..ကြုံရတွေ့ရ
အနတ္တလည်း..အတ္တဖြစ်၍
မင်းထက်သူငါ…တော်တတ်ပါ၏
မပြတ်ခိုက်ရန်…ငြှိုးရန်ပွားလည်း
အမျက်မပြေ…နေ၍သာလေ
ခဏတာဝယ်…စိတ္တတွင်းမှ
ပူလောင်မီးများ..လျှမ်းလျှမ်းတက်လာ


ဆင်းရဲကြုံကာ..များသူငါတို့
အလားတူရာ..ခံစားစေမှာ
ငါကား…ဘယ်မှာတည်း။
သတ္တလောက..သဘာ၀၀ယ်
အပ္ပါယ်ငရဲ…လွတ်လမ်းရှာစမ်း
မှန်းဆရည်ရွယ်…
နိဗ္ဗာန်စခန်း..မဂ္ဂင်တက်လှမ်း
စွမ်းကုန်သာပဲ
ဝစီနှုတ်မှ…တဖွဖွလည်း
ပြော၍မနေ…မမေ့သာပေ
ကျင့်ကြံကာနေလေ…။
ထိုသို့ကြံဆောင်…ကံသုံးပါးမှ
မနောကံခွါ..ကာယကံမြောက်
ဆောင်နိုင်လေမှ…ဒေါသရန်ပွား
မာန်မထားဘဲ…ပွားများလေမှ
ကြောင်းကျိုးဖြစ်စဉ်..လူ့တခွင်တွင်
ဆင်ခြင်မှတ်သိ….ဥာဏ်သတိဖြင့်
ထိကပ်နေရာ…ခန္ဓာဖြစ်စဉ်ပါ….။

နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: