Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, April 30, 2013

“ကြင်သူခင်အတွက်”

“ကြင်သူခင်အတွက်”
ကိုယ်နဲ့မင်းနဲ့..မခွဲမြဲတူပင်
ကြည်ကြည်နူးနူး..တို့အစဉ်
ရင်ခွင်ဦးသို့..တိုးဝင်ခင်…။
ကြင်နာသက်လျာ…ရင်မှာတစ်မျက်နှာ
စဉ်သာမေတ္တာ…ခင့်စေလိုရာ…။
မကြွေစမ်းနဲ့…မြေလမ်းလေးမှာ
ကိုယ်တေးဆိုကာ…ရည်ရွယ်တာ
ခင့်အတွက်ပါ…။
မေတ္တာကမ္ဘာ…မပျက်ပြယ်တာ
သက်ထားကညာ…အလှဆုံးပါ..။
တွဲလျက်စဉ်သာ..နွှဲလျက်ယှဉ်မှာ
ကြင်ကြင်နာနာ…ရင်မှာပန်းတမျှ
ခမ်းခမ်းနားနား…တမ်းတမ်းတတ
နမ်းမ၀တဲ့…ခင့်ကေသာ
ဖြေသာကျော့ဆံထုံး
ရှုံးလှတဲ့..ယဉ်သူတကာ
မြင်သူငါစွဲမက်…တွယ်ဖက်တဲ့မေတ္တာ
ချစ်ခင်ကညာ…နှောင်တွယ်ရမ္မက်
မပြယ်သက်ထက်…ချစ်ချင်တာ..
ရစ်ပတ်နွယ်မှာ…သံယောဇဉ်ကမ္ဘာ…။

နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: