Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, October 15, 2014

“မေတ္တာဘယ်ကမ္ဘာ မခြားနိုင်ပါ”


မေတ္တာနှင့်ယှဉ် ရင်တွင်းအဇ္ဇျတ္တမှ
ချစ်လှစွာသော နောင်တော်အစ်ကို
နှလုံးသားထဲမှ ဆုမွန်ခြွေတောင်း
ရွေ့ပြောင်းရာသီ....အလီလီ
ကုန်ဆုံးသော်လည်း....
သြော်....မဟောင်းမမေ့...
ပြောင်းသရွေ့ကာလ ဘ၀ခဏမှာ
ကျန်းမာစေကြောင်း ဆုပန်ကာရည်
ခရီးမိုင်ပေါင်း...ထောင်ကာချီ...။

ဖြတ်သန်းလျှောက်လှမ်း ဘ၀လမ်းမှာ
ပူပင်သောက ဗျာပါဒတရား
များမြောင်ထွေလီ နှစ်ရည်ရာသီ
တည်မှီအခိုက် ထားရှိပါလေ
ခန္တီစိတ်ထား မေတ္တာများနဲ့.... ပွားများပါလေ
စိတ္တသုခ ချမ်းသာစွာဖြင့် နေနိုင်စေ...။
မိသားစုရေး ပူပင်တွေးကာ
ဝမ်းရေးကမအေး မနားနေပဲ
ကာရံရေးလည်း ချမ်းမြေ့ဘယ်မူ
ဆူပူလောင်မြိုက် သောကပုရပိုက်
ရင်ဝယ်ထွေးပိုက် ရှိုက်ခဲ့ရသော်
သြော်... တွေးကြည့်စမ်းမူ
အဘယ်သူကား... သုခစံစား
ပျော်ရှာနန်းမှာ လှမ်းကာနေသလဲ
သူလည်းလူပဲ ငါလည်းအတူပဲ
မငြူစုဘ၀ခရီး....
ဆက်၍လှမ်းကာ လျှောက်ရပေအုံးမည်။
ညီမငယ်တို့ ဘ၀အဆုံး
ရှင်သန်ခြင်းကား...
ဘယ်ဝယ်ခရီး ဘယ်ဆီလှမ်းမည်
မှန်းကာမသိ...
ချစ်တာအတိ ပီတိရင်ဝယ်
ပိုက်ကာထွေးလျက် မေတ္တာရည်ယှက်
အကြင်နာလက်ဖြင့် တွဲထားလျက်သာ
တစ်သက်တာမှာ.....
ထာဝရမကွာ မခွါအမြဲ
သံယောဇဉ်နဲ့..... စင်စစ်လျှောက်လှမ်းကြပေမည်။


နေခြည်သစ်နွယ် (ပြည်)

No comments: