Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, July 25, 2012

“နှလုံးသားရဲ့ အနုပညာ”

“နှလုံးသားရဲ့ အနုပညာ”

လေပြေနုအေး ချိုတေးကြည်စေ
ဇူလိုင်မိုးဆွေ ရွာသွန်းစေ…။
သံသာချိုအေး မင်္ဂလာတေးတွေ
မွှေးပျံ့သင်းစေ ရင်ထဲတိုင်မလေ
ခွန်းဖွဲ့အသံဝေ အနုပညာမြေ
လှတိုင်း..တင့်တယ်ကြစေလေ..။

တိမ်ရောင်လွှမ်းစေ အနာဂါတ်ရေမြေ
ထွန်းတောက်ကြလေ တို့ကမ္ဘာမြေ
သာယာလှပ..စိမ်းစိုနေ….။
ရင်တွင်းကမ္ဘာလေ လှမ်းမျှော်ကြည့်နေ
အဝေးကမြင်စေ..
တို့နှစ်လုံးသားရဲ့..မေတ္တာတွေ…။
ချစ်ခွန်းဖွဲ့နေ မေတ္တာစာတွေ
ပေးဝေငှနေ ဒီရင်တွင်းမေ
ဖြူစင်စိတ်သဘော မနောအလှဝေဖြာနေ…။



နေခြည်သစ်နွယ်(ပြည်)


No comments: