Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, July 29, 2012

“အလွမ်းလေးတွေခြွေ”

“အလွမ်းလေးတွေခြွေ”

နှလုံးသားလေးတွေ ကွဲကြေနေ
လွမ်းရသလေ နေ့ရက်များစွာပေ
ရင်ခွဲကြည့်စေ အဖြူအမဲသိနေ
ဒီရင်ထဲကချစ်ခြင်းတွေ…မင်းအတွက်ပါပဲလေ…။

လွမ်းရတဲ့အဖြစ်တွေ..ရင်ဖွင့်မိနေ
တစ်ကိုယ်တည်းမေ..တိတ်တိတ်လေးငိုနေ
အချစ်ဆုံးသူရယ်…ပြန်လာပါတော့လေ….။

နေမကောင်းတဲ့နေ့တွေ…အနားမှာရှိစေချင်နေ
လွမ်းရတဲ့အချစ်တွေ…စာဖွဲ့လို့မကုန်နိုင်ပေ
ဓါတ်ပုံလေးတွေ..ကြည့်ကာလွမ်းနေ
သီချင်းလေးတွေ နားဆင်ရင်းလွမ်းလေ
စာလေးတွေ ရေးရင်းအလွမ်းမပြေ
လွမ်းနေတာလေးတွေ..မခံစားနိုင်လို့ပါအဆွေ….။


နေခြည်သစ်နွယ်(ပြည်)

No comments: