Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, August 12, 2012

“ကဗျာဟူသည့်အကြောင်း”

ကဗျာဟူသည် ကာရန်ညီသည်

ဆိုစကားသည် ကြားဘူးကြသည်

မှတ်သားရသည် စကားအလှရည်

မာယာကြွယ်သည် ကဗျာကာရန်ညီ

ရင်တွင်းစကားသည် ကဗျာအလှသီ

ထာဝရဖွဲ့သီ နှလုံးသားအစမှီ

နက်ရှိုင်းမွှေးသည် ကဗျာရဲ့အလှပေသည်…။



ကဗျာအလှသည်..နှလုံးသားအစချီ

ကာရန်အလှသည်…ကဗျာကဏ္ဍဆီ

ထာဝရရေးသားမည်…ကဗျာဆရာတို့ မှတ်တမ်းချီ….။

 
ကာရန်မှသည် နဘေဆီ

နဘေမှသည် အသတ်ဆီ

အသတ်မှသည် အလပ်ဆီ

အလပ်မှသည် အသံသည်

အသံမှသည် အချီဆီ

အချီမှသည် သံပေါက်ဆီ

သံပေါက်မှသည် ရတုဆီ

ရတုမှသည်..အစချီ

စသည်..သန်ရာစီကုံးသီ

လေ့လာမိသည် ကဗျာဖြတ်ထုံးဆီ……။

 
နဘေကာရန် ရှစ်မျိုးဖွဲ့ဟန်

လေးထပ်..တေးထပ်..ခုတမျိုးဖွဲ့ဆိုပြန်။

ကုန်ဆုံးနိုင်မည်မထင်..ကဗျာတေးဖွဲ့ဆင်ယင်

စိတ်အဆုံးမှာတင်…ကဗ္ဗည်းဖွဲ့သံပင်

တုန်တုန်ယင်..ရေးသားကြည့်လျှင်

စုံစုံလင်..တွေးကြည့်စေချင်

ကဗျာဆိုရင်…ကာရန်ညီကြလျှင်

အဓိပ္ပါယ်ပြည့်ထင်..ကဗျာအစစ်ပင်

ထင်မှတ်လျှင် မောက်မားချင်

ဒဂုန်တာယာပင် အဆိုပြုထားပေသည်…..။


နေခြည်သစ်နွယ်(ပြည်)

No comments: