Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, August 29, 2012

“ဘားကမ့်အသိ” (အပိုင်း-၃)

အပိုင်း(၃)ကို မဖတ်ခင် အပိုင်း(၁)နှင့်(၂)ကို ဆက်စပ်ကြည့်စေချင်ပါတယ်ရှင်....
 

---------------------------------------------------------------------------------------
 “ဘားကမ့်အသိ” (အပိုင်း-၃)

ဘားကမ့်ပွဲလေးက ပြီးသွားခဲ့ပေမယ့် “ဘားကမ့်”မှ ရရှိလာခဲ့တဲ့ အသိလေးတွေကို ဖြန့်ဝေနေဆဲပါပဲ၊ ဒါကလည်း ကျွန်မ စာရေးသူရဲ့ စာဖတ်သူတွေကို ရရှိစေချင်တဲ့ စေတနာသက်သက်ရယ်ပါ။ ဒီအကြောင်းလေးတွေ ရေးဘို့ မှတ်သားထားခဲ့မိသော မှတ်စုစာအုပ်လေးကို အချိန်ပြည့် သယ်လာရပါတယ်။
သူပြောသွားတဲ့အကြောင်းအရာတွေကို စာအုပ်လေးတွင် မှတ်သားထားခဲ့ပြီး၊ ကူးယူလာခဲ့သော ဖိုင်လေးကိုဖြင့် ပုံလေးနှင့်တကွဖော်ပြပေးရတာဖြစ်ပါတယ်။ ကျွန်မလည်း နည်းပညာအားဖြင့် လိုအပ်ချက်တွေရှိနေပါသေး တယ်။
သူကဆိုပါတယ် အခန်းတွင်းသို့ စတင်ဝင်စဉ်မှ သူ၏မျှဝေမှုတွေကို ကျောင်းသားများအတွက်ရည်ရွယ်ပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။ သို့ပေမယ့်လည်း သူ၏အခန်းတွင်းသို့ Listenerအဖြစ် ၀င်ရောက်နေသူများမှာ နည်းပညာကို လိုလားတောင့်တသူ၊ ကျောင်းသားဆိုသည့်အဆင့်ထက် သိသင့်သိထိုက်သူတွေသာ အများဆုံး ဖြစ်နေပါသည်။ ကျောင်းသားများအတွက် ရည်ရွယ်ခဲ့ပေမယ့် လက်ရှိ အင်တာနက်ကို အသုံးပြုသူအများစုများ လည်း သိနေသူများ၊ မသိရှိသေးသူများလည်း ပါဝင်ကောင်းပါဝင်နေနိုင်ပါတယ်။
အထူးသဖြင့် ကျွန်မ စာရေးသူလည်းအပါအ၀င်ပေါ့၊ အပိုင်း(၁)နှင့် အပိုင်း(၂)တွင် ပြောထားခဲ့ပြီဖြစ်တာကြောင့် ယခု ကျွန်မဖော်ပြပေးမယ့် အဓိကအကြောင်းအရာကို ဆက်လက်ရေးသားပေးပါ့မယ်။ ဒီကနေ့ အပိုင်း(၃)မှာ ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ Hoaxes, Spoofingဆိုတဲ့အကြောင်းလေးပါ ဒီခေါင်းစဉ်လေးရဲ့ အဓိပ္ပာယ်ကတော့ သတင်းမှားတွေကို ဖော်ပြပေးတဲ့ခေါင်းစဉ်လေးလို့ ဆိုရမှာပါ။
သတင်းအမှားဆိုသည်မှာ ဘယ်လိုလဲလို့ မေးစရာရှိလာပါလိမ့်မယ်၊ ဥပမာ လွန်ခဲ့သည့်နှစ်က ၀ဘ်ဆိုဒ်တွေတိုင်း မှာ တဆင့်မှတဆင့် ဖြန့်ဝေသွားခဲ့တဲ့ အမျိုးသမီးအင်္ကျီမှတဆင့် ရင်သားကင်ဆာဖြစ်တာ၊ ထိုအ၀တ်ကို ဆိုင်မှ ၀ယ်ယူပြီး လျှော်ဖွတ်ခြင်းမရှိဘဲ ၀တ်ဆင်ခြင်းမှ ဖြစ်သည်ဆိုသော ပို့စ်လေးပါ။ ဒီပိုစ့်အကြောင်းကို သူက ပြော ပြသွားပါတယ်။
သူတို့၏ ၀န်းကျင်တွင် သိထားနှင့်ပြီးသားဖြစ်တဲ့အတွက် ရယ်စရာဖြစ်နေပါတယ်၊ ဒါဟာ ဘာကြောင့်လဲဆိုသည့် အရင်းအမြစ်ကို ဖွေရှာတဲ့အခါ ကျွန်မတို့တွေရဲ့ နည်းပညာအားနည်းချက်တစ်ခုလို့ ဆိုရမှာပါ၊ နည်းပညာပိုင်း ဆိုင်ရာ အားနည်းခဲ့သည့်အတွက် အမြင်နှင့်တကွ ဗဟုသုတတွေကေ၀၀ါးသွားခဲ့ပါတယ်။
သတင်းမှားဆိုသည်မှာ သတင်းတိုင်းမဟုတ်ပါဘူး သူက ဒီလိုဝဘ်ဆိုဒ်လေးကိုလည်း လမ်းညွှန်ခဲ့ပါသေးတယ်။ ဟုတ်ပါတယ် ကျွန်မကိုယ်တိုင် ကြည့်မိတဲ့အခါ ၀ဘ်ဆိုဒ်လေးမှာ True, Falseစသည့် သင်္ကေတများစွာဖြင့် ဖော်ပြထားတဲ့ အင်္ဂလိပ်လိုရေးသားထားခြင်းဝဘ်ဆိုဒ်တစ်ခုရယ်ပါ။ မှန်ကန်သော သတင်းများလည်းတွေ့ရ သလို အမှားရှိသောသတင်းများလည်းတွေ့ခဲ့ရပါတယ်။ ၀ဘ်ဆိုဒ်လေးရဲ့ လိပ်စာကတော့ snopes.com ပါ၊ ပုံလေးနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

ဒါဆိုရင် ဘယ်လိုသတင်းမျိုးကို ယုံကြည်ရန်အကြောင်းရှိသလဲ၊ ဘာတွေနဲ့ယုံကြည်နိုင်မလဲလို့ မေးလာခဲ့ရင်ဖြင့် သူက ဒီလိုလေးရှင်းပြသွားခဲ့ပါတယ်။ ခေါင်းစဉ်လေးကတော့ Considering Content Qualityဖြစ်ပါတယ်။ Documented, Unsupported, Biased, Balanced မှတ်တမ်းတွေ၊ အထောက်အကူပြုထားတာတွေ၊ အခြေခံ လိုအပ်ချက်တွေ၊ ညီမျှမှုမရှိတာတွေ အဲ့ဒီအချက်လေးချက်ပါနေရင် ယုံကြည်ဖို့မရှိဘူးလို့ ပြောပါတယ်။ ဒါဆို ဘာတွေနဲ့ လက်ခံလို့ရလဲဆိုတာကိုလည်း ပြောပြသွားပါတယ်။ အဲ့ဒါတွေကတော့ Currency, Accuracy, Point of view, Evidence, Recognition, Site Criteria အများကလက်ခံနိုင်မှု၊ မှန်ကန်တိကျမှု၊ ဖော်ပြထားတဲ့အမြင်၊ သက်သေခံချက်တွေ၊ အသိအမှတ်ပြုခြင်းတွေ၊ အတည်ပြုခံထားရခြင်းတွေ၊ ထိုအချက် (၆)ချက်ဖြင့် လက်ခံလို့ရတယ်လို့ဆိုပါတယ်။ ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

ဒီလောက်ဆိုရင်ပဲ ကျွန်မတို့တွေ အတော်အသင့်တော့ နည်းပညာဗဟုသုတလေးတွေ ရကောင်းရနိုင်လိမ့်မယ် လို့ မျှော်လင့်မိပါတယ်ရှင်။ ဒါကြောင့် ကျွန်မတို့ပတ်ဝန်းကျင်မှာ နည်းပညာအသိလေးတွေ အားနည်းနေပါ သေးတယ်။ facebook, gtalkကို ဘယ်လိုသုံးရမယ်ဆိုတာထက်၊ အသုံးပြုနေစဉ်တွင် ဆိုးကျိုးတွေ ဖြစ်ပေါ်မလာရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို သိထားရမှာဖြစ်ပါတယ်။
အင်တာနက်ဆိုတာ ကောင်းကျိုးတွေအပြင် ဆိုးကျိုးတွေကိုပါ များစွာသယ်ဆောင်လာခဲ့တဲ့အတွက် နည်းပညာ ကို professionalအဆင့်မဟုတ်ခဲ့လျှင်တောင် မိမိတို့အသုံးပြုသည့် အရာတွေကိုတော့ တနိုင်တပိုင် လေ့လာ ထားသင့်တယ်လို့ ထင်မြင်မိပါတယ်။
စာဖတ်သူ ကျွန်မမိတ်ဆွေတွေလည်း ကျွန်မနှင့်ထပ်တူ နည်းပညာအသိတွေ ကြွယ်ဝနိုင်ကြပါစေနော်။


နေခြည်သစ်နွယ်(ပြည်)

No comments: